17

45 7 0
                                    

Unicode

"ရောက်ပြီလား?"

"မရောက်သေးဘူး"

"အခုရော ရောက်ပြီလား?"

"ဘတ်ဟျွန်း၊ မရောက်သေးဘူး" ချန်းယောလ်ထပ်ခါထပ်ခါပြန်ဖြေလိုက်သည်။

"အခုရော!"

"ဟုတ်ပြီဘတ်ဟျွန်း ၊ ဟုတ်ပြီ! ကိုယ်တို့ရောက်ပြီနော်!"

ဘတ်ဟျွန်း အားရပါးရပြုံးလိုက်ပြီး ကားမှန်အပြင်သို့ကြည့်လိုက်သည်၊ အဆောက်အဦးဟာ အလွန်ကြီးမားပြီး နေရာတိုင်းတွင် ကားတွေကိုမြင်ရသည်။ မိသားစုတွေ သူငယ်ချင်းတွေ စုံတွဲတွေဟာ အဆောက်အဦးထဲဝင်ထွက်သွားလာနေကြသည်။ ဘတ်ဟျွန်း ကားပါကင်အတွက် နေရာလွတ်ကိုရှာကာ မြင်တာနဲ့ချန်းယောလ်ကိုချက်ချင်းပြောသည်။ ချန်းယောလ် ခေါင်းငြှိမ့်ပြီး ကားပါကင်ထိုးသည်၊ ဘတ်ဟျွန်းကတော့ နှစ်ခါမစဉ်းစားဘဲ ကားပေါ်မှဆင်းကာ ဝင်ပေါက်ဆီပြေးသွားသည်။ ချန်းယောလ်ခမျာ သက်ပြင်းသာချနိုင်ပြီး ဘတ်ဟျွန်းနောက်လိုက်ရသည်။

"ချန်းယောလ် လာလေ!"

"စိတ်အေးအေးထားဘတ်ဟျွန်း ၊ အဆောက်အဦးကြီးကထွက်မပြေးဘူး"
ချန်းယောလ် မနိုင်သလိုမျက်လုံးလှိမ့်လိုက်ပြီး မကြာခင်မှာပဲပြုံးမိသည်၊ သူရည်းစားလေးကစိတ်လှုပ်ရှားနေတာကို မြင်နေရတာမလို့။ ချန်းယောလ် ခန်းမကြီးထဲဝင်ကာ ဘတ်ဟျွန်းဘေးတွင်ကပ်လျှောက်လိုက်သည်၊ သူ့ရဲ့ညာဖက်လက်က ဘတ်ဟျွန်းရဲ့ကျောပြင်ကိုပွေ့ဖက်လိုက်ပြီး သူ့ရဲ့ဂျက်ကတ်ကိုခြုံပေးလိုက်သည်။
"မင်းရဲ့ဂျက်ကတ်ကို ကားထဲမှာမေ့ပြီးထားခဲ့တာလား ဘေဘီ"

ဘတ်ဟျွန်းပြုံးလိုက်ပြီး ကျေးဇူးတင်ကြောင်းခပ်တိုးတိုးပြောလိုက်တယ်။

"လူကြီးနှစ်ယောက်လား?"

"ဟုတ်ပါတယ်" ချန်းယောလ်ပြန်ဖြေလိုက်တော့ ရွှေရောင်ဆံပင်နဲ့အမျိုးသမီးက ဈေးနှုန်းကိုစစ်ဆေးသည်။ အဲ့ဒါနဲ့ပဲ ချန်းယောလ်လည်း ထိုအမျိုးသမီးကိုပိုက်ဆံရှင်းပေးလိုက်သည်၊ တစ်စက္ကန့်တောင်မကြာခင်မှာဘဲ ရည်းစားသေးသေးလေးက လူကြီးတွေအတွက်ဖွင့်ထားတဲ့တံခါးဆီပြေးသွားတာကို ချန်းယောလ်တွေ့လိုက်ရသည်။

Innocence ( Translation )Where stories live. Discover now