Unicode
"Babe ထတော့"
ချန်းယောလ် သူ့ကောင်လေးကိုနှိုးလိုက်သည်။"ကိုယ်ဒီနေ့ ကျောင်းကိုစောစောသွားရမယ်
သွားနေကျအတိုင်းဘဲ ဘတ်စ်ကားစီးသွားလိုက်တော့နော်"ချန်းယောလ် ဘတ်ဟျွန်းရဲ့နားထင်သေးသေးလေးကိုနမ်းလိုက်သည်။
ဟုတ်ပါတယ်၊ ဘတ်ဟျွန်းကအမြဲဘတ်စ်ကားစီးသွားရတာဖြစ်သည်။
ချန်းယောလ်ရဲ့ကားနဲ့ နှစ်ယောက်စလုံးကျောင်းသွားမယ်ဆိုရင် အဲ့ဒါကအရမ်းသံသယဖြစ်စရာကောင်းသွားလိမ့်မယ်။အိပ်တဝက်နိုးတဝက်ဖြစ်နေတဲ့ဘတ်ဟျွန်းက မျက်လုံးတို့ကိုပိတ်ထားရင်းခေါင်းငြှိမ့်ပြလိုက်၏။ ခေါင်းလေးက ထောင်လာပြီး ချန်းယောလ်ရဲ့အနမ်းအတွက်စောင့်နေသည်။
ချန်းယောလ် ခပ်ဟဟရယ်လိုက်သည်၊ ထို့နောက် ကိုယ်ကိုကိုင်းကာ ချစ်ရသူလေးအား အနမ်းတစ်ပွင့်မြန်မြန်ပေးလိုက်၏အဲ့ဒါက ချန်းယောလ်ရဲ့အိမ်မှာ ဘတ်ဟျွန်းအိပ်တဲ့အချိန်တွေဖြစ်သည်။ တကယ်တော့ ဘတ်ဟျွန်းရဲ့မိဘတွေက ဘတ်ဟျွန်းဘယ်မှာအိပ်နေခဲ့လဲဆိုတာကိုသိပ်ဂရုမစိုက်ကြဘူး၊ ဘတ်ဟျွန်းက ဘယ်လိုပဲဖြစ်ဖြစ်လူဟန်နဲ့ပဲရှိနေမယ်လို့ သူတို့ကအမြဲတွေးနေတာ။
ချန်းယောလ်အနားမှာရှိနေရတာနဲ့ ချန်းယောလ်ရဲ့အိမ်မှာနေရတာဟာ သူ့အတွက်အရမ်းသက်သောင့်သက်သာဖြစ်လွန်းလို့ ဘတ်ဟျွန်းနားလည်ဖို့ခက်ခဲနေတုန်းပဲ။တစ်ညတော့ ရုပ်ရှင်အတူကြည့်ဖို့ ချန်းယောလ်ဖိတ်ခေါ်ခဲ့သည်၊ အဲ့ဒါက အိမ်မှာသူတို့နှစ်ယောက်တည်းရှိတဲ့ပထမဆုံးနေ့ဖြစ်ခဲ့တယ်။
ဆရာနဲ့ကျောင်းသားရဲ့relationshipအကြောင်းနဲ့ပတ်သက်တဲ့ YouTube videoတချို့ကိုကြည့်ပြီးနောက် ဘတ်ဟျွန်းနည်းနည်းတော့ထိတ်လန့်ခဲ့သည်။ ဥပမာ ဆရာကချစ်သွားတဲ့ပုံစံဟန်ဆောင်ပြီး အဆုံးကျကျောင်းသူကိုမတရားပြုကျင့်တာမျိုး၊ ပြန်ပေးဆွဲတာမျိုး ဒါမှမဟုတ် သူ့ရဲ့ဆန္ဒတွေပြည့်ဖို့အတွက်နဲ့ ကောင်မလေးကိုအသုံးချတာမျိုးပေါ့။ ဒါပေမယ့် နောက်ဆုံးတော့လဲ ချန်းယောလ်နဲ့ကောင်းမွန်တဲ့ညတစ်ညကို ဘတ်ဟျွန်းရရှိခဲ့သည်။ ချန်းယောလ်က ကိုယ်ပိုင်အချိန်နဲ့ အလုပ်လုပ်တဲ့အချိန်ကို ခွဲခြားနိုင်တာကိုမြင်ရတာ ထူးဆန်းခဲ့သည်။ အဲ့ဒီ့နေ့က သူတို့နှစ်ယောက်ပထမဆုံးနမ်းခဲ့ကြတဲ့နေ့လည်းဖြစ်သည်၊ ဒါပေမယ့် ဒီထက်တော့မပိုပါဘူး။ သူတို့နှစ်ယောက်တွဲနေတာ လေးလရှိပြီ ဒါပေမယ့် ဆက်ဆံရေးကိုဖြည်းဖြည်းချင်းသွားချင်တဲ့ဘတ်ဟျွန်းရဲ့စိတ်ကို ချန်းယောလ်လေးစားမှုထားခဲ့သည်။ သို့ပေမယ့်လည်း တခါတလေတော့ သူ့ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ခက်ခဲခဲ့သည်။