Unicode
ကြောက်စရာကောင်းတဲ့အသံတစ်ခုကြောင့် ချန်းယောလ်လန့်နိုးလာခဲ့သည်။ မတ်တပ်ထရပ်လိုက်ပြီး မကြာခင်မှာပဲ သူဘာမှမဝတ်ထားဘူးဆိုတာသဘောပေါက်သွားတော့ ရေချိုးခန်းသို့အမြန်ပြေးကာ သဘက်တစ်ထည်ကိုယူ၍ခါးအောက်ပိုင်းတွင်ပတ်လိုက်ပြီး အောက်ထပ်သို့ပြေးဆင်းလာခဲ့သည်။ သူလှည့်ပတ်ကြည့်ရင်း အသံလာရာကိုရှာသည်။
"ချ-ချန်းယောလ်?" ဘတ်ဟျွန်းကမီးဖိုချောင်ထဲကနေ သူ့ကိုခေါ်နေသည်။ ချန်းယောလ်မီးဖိုချောင်ထဲသွားလိုက်တော့ ဘတ်ဟျွန်းဟာ oversizedရှပ်အင်္ကျီကိုသာဝတ်ထားတာကိုမြင်လိုက်ရသည်။ ဘတ်ဟျွန်းရဲ့ခြေထောက်လေးတွေကိုမကြည့်မိဖို့ သူ့ခမျာတော်တော်ကြိုးစားလိုက်ရရှာသည်။
"ဘာဖြစ်လို့လဲဘတ်ဟျွန်း၊ အော်လိုက်တဲ့သူကဘေဘီလား?"
ဘတ်ဟျွန်းခေါင်းငြှိမ့်ပြလိုက်ပြီး သူတို့နှစ်ယောက်က နည်းနည်းအလှမ်းဝေးနေတာမလို့ ဘတ်ဟျွန်းဟာ လက်ကလေးကိုလှုပ်ကာချန်းယောလ်ကိုအနားလာဖို့ခေါ်သည်။ ချန်းယောလ် ဘတ်ဟျွန်းရှေ့တည့်တည့်ရပ်လိုက်သည်နဲ့ သူ့လက်မောင်းနဲ့ရင်ဘတ်တို့ ပြင်းထန်စွာရိုက်ခံလိုက်ရသည်။
"ခင်ဗျားကအရူးကြီး!"
"ဘတ်ဟျွန်း!" ချန်းယောလ်ကသတိပေးတဲ့လေသံနဲ့ဆိုသည်၊ ဘတ်ဟျွန်းသူ့ကိုဆဲရင် သူလုံးဝမကြိုက်ပါ။ ချန်းယောလ် လက်တစ်ဖက်နဲ့ မိမိရဲ့ကျစ်လျစ်တဲ့ရင်ဘတ်ကိုအုပ်ကိုင်ပြီး နာကျင်မှုကိုလျစ်လျူရှုဖို့ကြိုးစားသည်။ ချစ်သူဟုတ်ဟုတ် မဟုတ်ဟုတ် နောက်ဆုံးမှာအသက်အရွယ်ကွာခြားမှုကြောင့် ချန်းယောလ်ဟာလေးစားမှုတွေနဲ့ထိုက်တန်သူတစ်ယောက်ဖြစ်တယ်။
"ကျွန်တော်လမ်းလျှောက်လို့မရဘူး၊ ထိုင်လို့လဲမရဘူး၊ ဘောင်းဘီတောင်ကောက်လို့မရလို့ ခင်ဗျားရဲ့ဗီဒိုထဲကအင်္ကျီကိုယူဝတ်လိုက်ရတယ်" ဘတ်ဟျွန်းရှင်းပြလိုက်တော့ ချန်းယောလ်ကခပ်တိုးတိုးရယ်သည်။
"ဘာဖြစ်လို့လဲ?"
"အိုး ဘာကြောင့်လဲခင်ဗျားသေချာသိတယ်လေ!"
"ကိုယ်ဘာမှားလို့လဲ? ပြီးရင်အဲ့ဒါကနာမှာပဲကို"
"အမြဲတမ်းလား?"
YOU ARE READING
Innocence ( Translation )
FanfictionChanbaek Myanmar Translation Original - [ iyeol- ]