Unicode
#အထပ်"အခါ"သတိပေးထားတဲ့အတိုင်းပဲ translation fictionဖြစ်ပါတယ်။ ဒီအပိုင်းမှာစိတ်မသက်မသာဖြစ်စရာတွေပါပေမယ့် အဆုံးထိဖတ်ပြီးရင်တော့ ချန်းယောလ်ရဲ့sideတွေ ချန်းယောလ်ရဲ့ခံစားချက်တွေကို သိသွားမယ်လို့ထင်တယ်။
=====
"ချန်းယောလ်၊ ငါနဲ့လိုက်ခဲ့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ဟယ်"
"ကိစ္စမရှိဘူး ဆူးယောင်း" အရပ်ရှည်ရှည်နဲ့သူငယ်ချင်းဖြစ်သူချန်းယောလ်သည် ပြုံးပြလိုက်ပြီး ကားဆီသို့သွားနေသောကောင်မလေးနောက်သို့ လိုက်သွားလိုက်သည်။ သူမသည် ကားမောင်းသူနေရာတွင်ဝင်ထိုင်ပြီး ကားကိုစ,မောင်းတော့သည်။
"Ah" သူမကသက်ပြင်းချလိုက်သည်။ "ဒီနေ့အရမ်းပင်ပန်းသွားပြီ ဟုတ်တယ်မလား?"
"ဟုတ်တယ်"
၁၅မိနစ်လောက်ကြာတော့ နှစ်ယောက်သားအိမ်ရောက်လာခဲ့ကြသည်။ ချန်းယောလ် အိတ်တစ်ချို့ကိုယူပြီး အပေါ်တက်လာခဲ့လိုက်သည်။ ဆူးယောင်းက သူ့နောက်ကနေလိုက်သည်။
"အိတ်တွေကို မီးဖိုချောင်မှာထားလိုက်နော် ချန်းယောလ်"ချန်းယောလ်ခေါင်းငြှိမ့်ပြီး အိတ်တွေကို ရေခဲသေတ္တာဘေးတွင်ထားလိုက်သည်။ ဆူးယောင်းသည် သူမရဲ့အညိုရောင်ဆံပင်ရှည်တို့ကို စည်းရင်း မီးဖိုချောင်ထဲဝင်လာခဲ့သည်။ သူမရဲ့လက်တွေက လေပေါ်မြောက်နေတဲ့အချိန် ခန္ဓာကိုယ်ကောက်ကြောင်းဟာ ထင်ရှားနေသည်။ သူမရဲ့ခါးမှစကတ်ဟာ ဒူးမဖုံးခင်ထိရှည်သည်၊ ကျယ်ပြန့်တဲ့တင်ပါးတွေကို သူမရဲ့ အညိုရင့်ရောင်စကတ်က ဝန်းရံထား၏။ ဆူးယောင်းဟာရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးပါဖြုတ်ထားသေးသည်။
သူမရဲ့ဆံပင်တွေစည်းပြီးသွားချိန် သူမရဲ့အလှတွေကိုချန်းယောလ်နားလည်သွားခဲ့သည်။
"ငါဝယ်ထားတဲ့အလှဆင်ပစ္စည်းတွေကို ဟွမ်ကြိုက်မယ်လို့ နင်ထင်လား?"
ချန်းယောလ် ခေါင်းငြှိမ့်ပြလိုက်တယ်။
"ငါ့ကိုကူညီပေးတဲ့အတွက် ကျေးဇူးထပ်တင်ပါတယ်၊ ဟွမ်အလုပ်လုပ်နေတဲ့အချိန် ငါတစ်ယောက်တည်းဖြစ်နေမှာအမြဲကြောက်နေခဲ့တာ သိလား၊ နင်ဒီမှာရှိနေတာက ငါ့ကိုအများကြီးအကူအညီဖြစ်စေတာပဲ"
YOU ARE READING
Innocence ( Translation )
FanfictionChanbaek Myanmar Translation Original - [ iyeol- ]