Unicode
ဘတ်ဟျွန်းနိုးလာတော့ တစ်စုံတစ်ခုက သူ့အသားနဲ့ထိနေတာကိုခံစားမိလိုက်သည်၊ ထကြည့်လိုက်တော့ ချန်းယောလ်က သူရဲ့လည်ပင်းတွေ ညှပ်ရိုးတွေနဲ့ ပခုံးတို့အား တဖွဖွနမ်းနေတာကိုတွေ့လိုက်ရ၏။ ဘာလုပ်ရမယ်မှန်းမသိလို့ ချန်းယောလ် ဖြည်းဖြည်းတွန်းထုတ်လိုက်သည်။
ချန်းယောလ်ရပ်လိုက်ပြီး ဘတ်ဟျွန်းကိုကြည့်လိုက်သည်၊ ပြီးတော့ပြုံးပြသည်။ ချန်းယောလ်နဲ့မျက်လုံးချင်းမဆုံခင် ဘတ်ဟျွန်း မျက်လုံးတို့ကိုပွတ်သပ်လိုက်သည်။ အင်အားကြီးတဲ့ရည်းစား(The dominant boyfriend) ချန်းယောလ်သည် ဘတ်ဟျွန်းရဲ့နဖူးလေးကိုနမ်းလိုက်သည်၊ ထို့နောက် ခန္ဓာကိုယ်သေးသေးလေးကိုဖက်ကာ သူ့ကိုယ်ပေါ်တွင်ထပ်လျက်တင်လိုက်တယ်။
"ဒီလိုကောင်းတဲ့ခံစားချက်က ဘာပါလိမ့်"
"ဘာမှမဟုတ်ဘူး၊ ကိုယ့်ရဲ့ရည်းစားသေးသေးလေးကိုဖက်လို့မရဘူးလား?"
"ရပ်လိုက် ချန်းယောလ်!" ဘတ်ဟျွန်း ချန်းယောလ်ကို လက်သီးဖြင့်ထိုးလိုက်သည်။ "ကျွန်တော်ကသေးသေးလေးမဟုတ်ဘူး ၊ အရွယ်ရောက်လာပြီ သိလား ! ၁၇နှစ်ရှိပြီ"
"မဟုတ်ပါဘူး ဘတ်ခ်ရယ်၊ အခုတော့ပြန်အိပ်ကြရအောင်"
"မအိပ်ဘူး" အကောင်ပေါက်လေးက နှုတ်ခမ်းစူလိုက်သည်။ "မအိပ်ချင်ဘူး၊ ခင်ဗျားထလိုက်တော့"
ချန်းယောလ်သက်ပြင်းချကာ ဘေးသို့ဖယ်ပေးလိုက်သည်၊ ဘတ်ဟျွန်း မတ်တပ်ထရပ်လိုက်သည်။ အိပ်ရာဟာ ဘတ်ဟျွန်းမရှိတော့ ဗလာဖြစ်သွားသလို ချန်းယောလ်ခံစားလိုက်ရသည်၊ ဒါဟာ ချန်းယောလ်အတွက်တော့ ဘတ်ဟျွန်းမရှိတဲ့ညတိုင်း ခံစားရတဲ့ခံစားချက်ဖြစ်သည်။ ဘတ်ဟျွန်း အောက်ထပ်ဆင်းကာ ရေချိုးခန်းမှာရေချိုးနေချိန် ချန်းယောလ်ကတော့ ပြန်အိပ်ပျော်သွားပြီဖြစ်သည်။
နှစ်နာရီကြာပြီးနောက် နှုတ်ခမ်းတွေကြားကနေ သူ့နာမည်ကိုတိုးတိုးလေးခေါ်နေတဲ့အသံကို ချန်းယောလ်ကြားလိုက်ရ၏။ မျက်လုံးတွေကိုပွတ်သပ်ပြီး ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ဘတ်ဟျွန်းကိုကြည့်လိုက်သည်၊ မျက်လုံးတွေက စိုးရိမ်မှုတွေနဲ့ပြည့်နေသည်။
YOU ARE READING
Innocence ( Translation )
FanfictionChanbaek Myanmar Translation Original - [ iyeol- ]