12

52 6 0
                                    

Unicode

ချစ်စရာကောင်းတဲ့စုံတွဲလေးဟာ နိုးလာခဲ့ကြပြီ၊ နောက်ဆုံးတော့ သူတို့ကျောင်းပိတ်ရက်ရခဲ့ပြီ။ ဘတ်ဟျွန်းသည် စောစောထပြီး ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်မှုပြုသည်၊ ချန်းယောလ်အတွက် မနက်စာပြင်ပေးချင်ပေမယ့် ဘယ်လိုပြင်ရလဲဆိုတာ သူမသိပါ။ အဲ့ဒါကြောင့် ချန်းယောလ်ကပဲ မနက်စာကိုပြင်ဖို့တာဝန်ယူရတာ။ လွန်ခဲ့တဲ့တစ်ပတ်က ချန်းယောလ်ရဲ့ အံဆွဲထဲမှာသိမ်းထားတဲ့အဝတ်တွေကို ဘတ်ဟျွန်းထုတ်ဝတ်လိုက်သည်၊ ပြီးတော့ ဝတ်ပြီးသားအဝတ်တွေကို အဝတ်လျှော်စက်ထဲသို့ပစ်ထည့်လိုက်၏။ ဟုတ်ပါတယ်၊ ချန်းယောလ်ကဘတ်ဟျွန်းအတွက် အဝတ်လျှော်စက်သီးသန့်ထားပေးထားတယ်။

"ချန်းယောလ် . . ချန်းယောလ်"
ချန်းယောလ်ရဲ့ပခုံးကိုလှုပ်ရင်း ဘတ်ဟျွန်းနှိုးဖို့ကြိုးစားသည်။ "ဟင်မ်?" ချန်းယောလ်ဟာ အသံပြုရင်း လှည့်လာသည်။ "ကျွန်တော် အိမ်ပြန်တော့မယ် နော်? အမေကကျွန်တော့်ကိုစာပို့တယ်၊ ဘာလို့လဲမသိဘူး" ဘတ်ဟျွန်းရှင်းပြလိုက်တော့ ချန်းယောလ်ခေါင်းငြှိမ့်ပြသည်။ ဘတ်ဟျွန်း အရှေ့သို့ငုံ့ကိုင်းကာ အိပ်ပျော်နေသောချန်းယောလ်၏ပါးကိုနမ်းလိုက်သည်။
"နောက်မှတွေ့မယ်"

ဘတ်ဟျွန်းသည် ချန်းယောလ်အိမ်မှထွက်လာပြီးပေါ့ပေါ့ပါးပါးဖြင့်အိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ မိနစ်နှစ်ဆယ်လောက်လမ်းလျှောက်အပြီး အိမ်ရောက်ပြီမို့ တံခါးခေါက်လိုက်တော့ အမေဖြစ်သူကတံခါးလာဖွင့်ပေးသည်၊ သူ့ကိုအကဲဖြတ်နေတဲ့မျက်လုံးတွေနဲ့ကြည့်ရင်းပေါ့။

"ဘယ်တွေသွားနေတာလဲဘတ်ဟျွန်း?"
အဖေဖြစ်သူက ဆိုဖာမှာဝင်ထိုင်ရင်းမေးလာသည်၊ သူ့ရဲ့မူပိုင်မျက်မှန်ဝိုင်းကြီးကိုလဲတပ်ထားသေးသည်၊ ဘတ်ဟျွန်းရဲ့မေမေသည် သူ့အမျိုးသားဘေးတွင်ဝင်ထိုင်သည်။ ဘတ်ဟျွန်း စိတ်လှုပ်ရှားစွာနဲ့ပဲ သူ့မိဘတွေရှေ့မှာကျောက်ရုပ်လိုရပ်နေမိ၏။ "ကျွန်-ကျွန်တော် လူဟန့်ဆီသွားတာလေ၊ ဘာလို့လဲ?" ဘတ်ဟျွန်းဖြေသည်။

ဘတ်ဟျွန်းနဲ့ချန်းယောလ်ရဲ့ပုံတွေက ဘတ်ဟျွန်းရဲ့မိဘတွေဆီရောက်သွားတာ ဖြစ်နိုင်လား? အဲ့လိုသာဆို သူတို့က ဘတ်ဟျွန်းကိုကျောင်းထုတ်ရင်ထုတ်၊ မဟုတ်ရင် ဒီမြို့ကနေထွက်သွားတာမျိုးတောင် လုပ်နိုင်သည်။ ဘတ်ဟျွန်းအသက်ပြင်းပြင်းရှူရင်း မိဘတွေကိုကြည့်နေမိသည်၊ အဖေဖြစ်သူသည် ခေါင်းခါကာ သက်ပြင်းချသည်။

Innocence ( Translation )Where stories live. Discover now