Unicode
"ချန်းယောလ် အဲ့ဒါကရူးတာပဲ၊ ခင်ဗျားကျွန်တော့်မိဘတွေကိုလိမ်ခဲ့တယ်"
"ကိုယ့်မှာအကြောင်းပြချက်ရှိလို့ပါ ဘတ်ဟျွန်းရယ်၊ ကိုယ်တို့တွေ နှစ်ရက်ထက်ပိုပြီးအချိန်မဖြုန်းခဲ့ရဘူးလေ၊ ဒါက ကိုယ်တို့စတွဲပြီးကတည်းက ပထမဆုံးရတဲ့ပိတ်ရက်ရှည်ပဲ"
ဘတ်ဟျွန်းရဲ့အိတ်ကို ချန်းယောလ် အိပ်ခန်းထဲနေရာချလိုက်တော့ အကောင်ပေါက်လေးကအနောက်မှလိုက်လာပြီး အိမ်တစ်ခုလုံးကိုကြည့်ရှူနေသည်။"ချန်းယောလ်က ဒီလောက်ကပ်တွယ်တတ်တဲ့လူဆိုတာ ကျွန်တော်မသိခဲ့ဘူး" ဘတ်ဟျွန်းအသံထွက်ရယ်သည်။
"အိုး၊ ဒါဆို ဘေဘီကမဒိတ်ချင်ဘူးပေါ့"
ချန်းယောလ်ကပြတင်းပေါက်ကိုဖွင့်ရင်း မေးလိုက်သည်။"ဒိတ်တာ?" ဘတ်ဟျွန်းပြုံးရင်းမေးလိုက်သည်။
"တကယ်လား? ဒါဆို . . ကျွန်တော်တို့ဒိတ်ခဲ့ဖူးသလိုမျိုးလား?"ချန်းယောလ် လှည့်ကာ ခေါင်းဖြည်းဖြည်းငြှိမ့်ပြလိုက်သည်။ ဘတ်ဟျွန်း ချန်းယောလ်ဆီသို့လျှောက်လာပြီး ဖက်လိုက်သည်။ ချန်းယောလ် ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီး ဘတ်ဟျွန်းရဲ့ခေါင်းကို တစ်ချက်နမ်းလိုက်၏။
"ကျွန်တော်တို့ရဲ့ဒိတ်ကို ကြိုက်တယ်"
"ကိုယ်ရောပဲ" ချန်းယောလ်ထောက်ခံလိုက်၏။
"ဒါပေမယ့် အရင်ဦးဆုံး၊ ကိုယ်တို့ စည်းကမ်းချက်တွေကိုရှင်းအောင်လုပ်ရမယ်"ဘတ်ဟျွန်း ချန်းယောလ်ကို နားမလည်တဲ့မျက်လုံးတွေနဲ့မော့ကြည့်သည်။
ချန်းယောလ် ဘတ်ဟျွန်းရဲ့ပခုံးကို ခပ်ဖွဖွဆွဲယူကာ ကုတင်ပေါ်သို့ထိုင်ခိုင်းလိုက်သည်။"ထိုင်ဦး" ဘတ်ဟျွန်းထိုင်လိုက်သည်၊ ချန်းယောလ်လည်း ဘေးတွင်ထိုင်လိုက်တယ်။
"နံပါတ်တစ် အချက်၊ ဒီအိမ်မှာ မင်းတစ်ခုခုစားချင်တာ သောက်ချင်တာရှိရင် ကိုယ့်ကိုမမေးနဲ့။ ဒီကဟာတွေက ဘေဘီ့ရဲ့အပိုင်တွေချည်းပဲ၊ ဘေဘီက ဗိုက်ဆာရင် တခြားလူတစ်ယောက်ရဲ့ရေခဲသေတ္တာထဲကနေလည်း မုန့်တွေကိုယူစားတတ်တာ ကိုယ်သိတယ်"
YOU ARE READING
Innocence ( Translation )
FanfictionChanbaek Myanmar Translation Original - [ iyeol- ]