Prologue

358 19 5
                                    

Uni ver ;

ဗုဒ္ဓဟူးနေ့ရဲ့မနက်ခင်း.. PTအထက်တန်းကျောင်းတွင်ဖြစ်သည်။
ကျောင်းသားများသည် အတန်းထဲဝင်လာပြီးသည်နှင့် လွယ်အိတ်တို့ကိုနေရာချကာ စာအုပ်များကိုခုံပေါ်တွင်တင်၍ ထိုင်လိုက်ကြသည်။ အကုန်လုံးက စိတ်လှုပ်ရှားနေကြတယ်၊ ဘာလို့လဲဆိုတော့ ဗုဒ္ဓဟူးနေ့ကို test-dayလို့လဲ လူသိများကြတယ်လေ။
အတန်းရဲ့50%က သင်္ချာမှာအမှတ်မကောင်းကြလို့ ဒုတိယအပတ်ဗုဒ္ဓဟူးနေ့တိုင်း testအသေးစားလေးပြုလုပ်ဖို့ ဆရာမကဆုံးဖြတ်ခဲ့တယ်။ ထင်ထားသလိုပဲ.. ကျောင်းသားတွေက ဒါကိုမုန်းကြတယ်၊
ဒါပေမယ့် သူတို့အကြိုက်ဆုံးဆရာမတွေထဲကတစ်ယောက်ဖြစ်တာမလို့ သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူး။

ကျောင်းသားတွေက စာမေးပွဲအတွက် ပြင်ဆင်ကြတယ်။ တချို့ကျောင်းသားတွေက သူတို့ရဲ့မှတ်စုတွေကိုကြည့်နေကြသလို တချို့ကတော့ စက္ကူစ,လေးတွေကို သူတို့ရဲ့ခုံပေါ်တွင်ကပ်ထားကြသည်။ ဆရာမက မျက်နှာတည်ကြီးနဲ့ လှည့်ပတ်ကာ ကျောင်းသားတွေကိုကြည့်ရင်း စာမေးပွဲကိုဖြေစေသည်။

ကျောင်းသားတွေရဲ့ အသံကျယ်ကျယ်နဲ့အော်ဟစ်သံတွေ၊ စိတ်လှုပ်‌ရှားလွန်းလို့အသက်ရှူသံပြင်းနေကြတာတွေ၊ ဆုတောင်းသံတွေနဲ့ ညည်းညူသံတွေကို ကြားနိုင်တယ်။ တကယ်တော့ စာမေးပွဲက အဲ့လောက်လဲမခက်ပါဘူး၊ ဒါပေမယ့် တချို့ကျောင်းသားတွေက stressနဲ့စာလုပ်ရတာမကြိုက်ကြဘူးလေ။ ပြီးတော့ ဆရာမကြောင့် စာမေးပွဲမကျဖို့က ပိုအရေးကြီးတယ်။ ဆရာမက ဉာဏ်ရည်ထက်မြက်တဲ့ကျောင်းသားတွေကိုပိုချစ်ကြောင်း အမြဲပြသခဲ့တယ်။

အမှတ်တွေက လူတစ်ယောက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို အတိအကျမပြောပေးနိုင်ပေမယ့်လည်းပေါ့...

"မဖြစ်ဘူး!!!!"

"ဘာဖြစ်တာလဲ?"

"ငါ Dရတယ် ၊ ငါ့ကောင်လေးတော့ငါ့ကိုသတ်တော့မှာပဲ!"

ဘတ်ဟျွန်း ညည်းညူလိုက်သည်၊
ခေါင်းကို ခုံနဲ့ပြေးဆောင့်ချင်တာပဲ သူသိတော့တယ်။

"အပြင်မှာတောင်တကယ်မရှိတဲ့မင်းရဲ့ကောင်လေးက မင်းကိုဘာလို့သတ်ရမှာလဲ"

Innocence ( Translation )Where stories live. Discover now