မိတ်ဆက်

2.1K 101 6
                                    

သူမ ယခင်ဘဝ၌ ရှချင်းထန်း၏ ဘဝသည် အတက်အကျ များစွာ ပြည့်နှက်နေခဲ့သည်။ သူမသည် ယာယီရွှေ့ပြောင်းရာ အိမ်ယာရှိသည့် မြို့လေး၌ ကြီးပြင်းလာခဲ့ပြီး သူဌေးမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်ခဲ့ကာ စာကလေးမှ ဖီးနစ်အဖြစ် ပြောင်းလဲခဲ့လေ၏။

သို့သော် သူမသည် ရက်အနည်းငယ်မျှတောင် ဇိမ်ကျကျ မနေနိုင်ခဲ့ပေ။ အဆုံးကျ သူမ ကွာရှင်းခဲ့ရုံသာမက အလုပ်လည်း ဆုံးရှုံးခဲ့၏။ သူမသည် အဆုံးကျ သူမဝမ်းကွဲ မိသားစုအတွက် ကလေးထိန်း လုပ်ပေးခဲ့ရသည်။

လူတိုင်းက သူမ၏ တုံးအမှုအတွက် ရယ်မောခဲ့ကြ၏။ သို့သော် ကျန်သည့်သူများ မသိသည်က ထိုသူဌေးမိသားစုသည် ကမ္ဘာပေါ်၌ ပျော်ရွှင်စရာ နေရာတစ်ခု မဟုတ်ပေ။ သူမ၏ ယောက္ခမက သူမကို အနိုင်ကျင့်ပြီး သူမ ခင်ပွန်းကမူ သူမကို ဖိနှိပ်ထားလျက် ယောက်မများက နေရာတိုင်း၌ သူမကို ပစ်မှတ်ထားနေလေသည်။

သူမ နိုးထလာသောအခါ သူမ အသက်နှစ်ဆယ်အရွယ်သို့ ပြန်ရောက်သွား၏။ ရှချင်းထန်းက ပြက္ခဒိန်ကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။ တော်ပါသေးရဲ့ သူမ လက်မထပ်ရသေးဘူး။

ရက်အနည်းငယ်အကြာတွင် ရှချင်းထန်းသည် သူမ၏ ချစ်သူအသစ် လက်ကို ဆွဲကာ လက်ထပ်ခွင့်တောင်းသည့် မိသားစုကို လက်ခံတွေ့ဆုံခဲ့သည်။

“ကျွန်မ သူ့ဆီကနေ လက်ထပ်စာချုပ် ရပြီးပြီ”

မိသားစုဝင်များကလည်း သာမာန်ဖြစ်ပြီး သူမကလည်း အလွန်စိတ်တိုင်းကျ၏။

သို့သော် လက်ထပ်ခွင့်တောင်းသည့်သူနှင့် သူ၏မိသားစုကမူ စိတ်မကျေနပ်ပေ။ သူမ မိဘများကလည်း မကျေနပ်ကြ။ အိမ်မှ ကန်ထုတ်ခံလိုက်ရသော ရှချင်းထန်းသည် သူမနှင့် လက်ထပ်ပြီးကာစသူ၏ မိသားစုအိမ်သို့သာ သွားနိုင်၏။ သို့သော် သူမ သူတို့အိမ်သို့ ရောက်ချိန်၌ သာမာန်လူများ နေသည့်နေရာ မဟုတ်သော သုံးထပ်တိုက်ကို တွေ့လိုက်ရသည်။

ရှချင်းထန်းက ခေါင်းနောက်သွားလေ၏။ ပြိုကွဲသွားပြီး သူမက ကိုင်းမြင့်မြင့်ကို ထပ်တွယ်တက်မိပြန်ပြီလား။

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now