အခန်း (၂)

705 93 0
                                    

အခန်း (၂)

ရှချင်းထန်းသည် သူမ၏ အတိတ်ကို ပြန်လည်တွေးရင်း သူမ၏ခင်ပွန်းဟောင်း ခုံးလျန်ချောင်အား သတ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သူမသည် ခေါင်းကို အောက်စိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ရဲဘော်၊ ကျွန်မ စိတ်အရမ်းလှုပ်ရှားနေလို့ အိမ်သာ သွားခွင့်ပြုပါ"

ခုံးလျန်ချောင်က ရှချင်းထန်းကို ချက်ချင်းအိပ်ရာကနေ ဆွဲထူပေးလိုက်သည်။

" မင်းအရမ်းအား‌နည်းနေတယ်။ ငါမင်းကို အိမ်သာထိ တွဲခေါ်သွားတာ ပိုကောင်းလိမ့်မယ်။ အိမ်သာက ဟို‌နားလေးတင်ပဲ"

ရှချင်းထန်းက ချက်ချင်း လက်ကိုဖယ်ထုတ်လိုက်ပြီး ခပ်တင်းတင်း ပြောလိုက်သည်။

"ရဲဘော်၊ ကျွန်မကို ဆေးရုံလိုက်ပို့ပေးလို့ ကျေးဇူးတင်ပေမဲ့ ယောက်ျားနဲ့ မိန်းမဆိုတာ မတူညီကြဘူး။ ကျွန်မက ကိုယ်လက်မလှုပ်ရှားနိုင်တာ မဟုတ်တဲ့အတွက် နေရာတကာ ကျွန်မကိုလိုက်ကူညီပေးဖို့ မလိုပါဘူး"

ဤလူနာဆောင်ထဲတွင် လူလတ်ပိုင်း အမျိုးသမီးလူနာနှစ်ယောက်လည်း ရှိနေသည်။ သူမပြောသည့် စကားသံကို ကြားပြီးနောက် သူတို့နှစ်‌ယောက်သည် တစ်‌ယောက်မျက်နှာတစ်ယောက် ကြည့်နေပြီး တစ်ယောက်က သတိထားရန် အရိပ်အကဲပြလိုက်၏။

ခေတ်ကာလ ပြောင်းလဲလာပြီ ဖြစ်သည့်အလျောက် ခေတ်ရေစီးမှုပြဿနာသည် အလွန်စိုးရိမ်စရာ ဖြစ်လာသည်။

ခုံးလျန်ချောင်က လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ပြီး ချက်ချင်း အလေးအနက် ပြောလိုက်သည်။

"ရဲဘော်လျို၊ ငါတို့အားလုံးက ဘယ်အဆင့်မှာပဲရှိနေနေ မောင်နှမတွေလိုပဲ။ လူတွေကို ကူညီတဲ့အခါ တခြားစိတ်ရိုင်း‌တွေ မထားရဘူး။ ဒါပေမဲ့ မင်းဘာသာမင်း လှုပ်ရှားနိုင်တယ်ဆိုရင် မင်းကြိုက်သလို လုပ်ပါ။ ငါဒီမှာစောင့်နေမယ်"

ရှချင်းထန်းက စိတ်ထဲတွင် ရယ်ချင်နေပေမဲ့ မျက်နှာအမူအရာကို တည်ငြိမ်‌အောင် ထိန်းထားသည်။ သူမသည် အိပ်ရာမှထလိုက်ကာ ဖိနပ်၀တ်လိုက်ပြီး‌နောက် အေးဆေးနေဟန်ဖမ်းပြီး လူနာဆောင်ကနေ ထွက်လာခဲ့သည်။

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now