အခန်း (၃)

678 91 0
                                    

အခန်း (၃)

ထိုခဏတာအတွင်း ရှချင်းထန်းသည် စိတ်ပျက်အားငယ်လုနီးပါး ခံစားခဲ့ရလေသည်။  လှည့်ပတ်နေသော မီးပုံးတစ်ခုလိုပင်... မျက်လုံးများရှေ့တွင် ဖြတ်သန်းသွားသော သူမ၏ ယခင်ဘဝဟောင်းကို မြင်ရသော်လည်း နက်နဲသော စွမ်းအားမဲ့မှုကိုသာ သူမ ခံစားလိုက်ရလေသည်။  သူ ပြန်လည်မွေးဖွားလာတာတောင် ခုံးလျန်ချောင်ဆိုတဲ့ သားရဲကို မဖယ်ရှားနိုင်ဘူးလား။

ကံကောင်းထောက်မစွာဖြင့် ရှချင်းထန်း အမြန်ပြန်၍ ငြိမ်သက်သွားလေသည်။ သူမစိတ်နှင့်ကိုယ်သည် ယခင်က သူမနှင့် လုံးလုံးမတူတော့ပေ။ ခုံးလျန်ချောင်က သူမကို ရှာတွေ့ခဲ့ရင်တောင်မှ သူမ၏အရင်ဘဝကလို ကြေကွဲစရာအဖြစ်ကို ထပ်ခါထပ်ခါ ပြောနေမှာ မဟုတ်တော့ပေ။

ဘုရားသခင်က သူမကို အစကပြန်စဖို့ အခွင့်အရေး ပေးခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူမဟာ အရင်ဘဝနှင့် မတူသည့် ခြားနားတဲ့လမ်းကြောင်းကို လျှောက်လှမ်းတော့မှာဖြစ်သည်။

"ရဲဘော်ရှ၊ မင်းဘာလို့ဘာမှ မပြောတာလဲ၊ မင်းငါ့ကိုတွေ့ရတာကို အရမ်းအံ့သြနေတာလား" 

ခုံးလျန်ချောင်သည် အဖြူရောင် ရှပ်အင်္ကျီအကျပ်၊ မီးခိုးရောင် ဘောင်းဘီရှည်အသစ်နှင့်အတူ တောက်ပြောင်သော ကာကွယ်ရေးသားရေဖိနပ် အနက်တစ်ရံကိုပါ ၀တ်ဆင်ထားလေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့အခြေအနေမှာ မဆိုးကြောင်း ပြောနိုင်လေသည်။

ယခုခေတ်အခါ၌ အထူးသဖြင့် အလုပ်သမားများအတွက် ထုတ်ထားသည့် ကာကွယ်ရေး သားရေဖိနပ်ကို လူတိုင်း ဝတ်ဆင်ရန် မတတ်နိုင်ပေ။  ဖိနပ်စက်ရုံကလူတွေကလွဲရင် သာမာန်လူတွေအတွက် ထိုဖိနပ်ကိုဝယ်ဖို့ အဆက်အသွယ်ရှာရလေမည်။

ထို့အပြင် ခုံးလျန်ချောင်သည် သမရိုးကျ ရုပ်ချောသူမျိုးလည်း မဟုတ်၊ ရုပ်ဆိုးနေသည့်လူမျိုးလည်း မဟုတ်ပေ။ အရပ် ၁.၇မီတာကျော် မြင့်ပြီး သူ့ကိုယ်သူ စတိုင်ကျကျ ဝတ်စားဆင်ယင်နိုင်ကာ... ငယ်ရွယ်နုပျိုသည့် စွမ်းအင်ကို ထုတ်လွှတ်နေသလိုဖြစ်သောကြောင့် သူ့ပုံစံမှာ အလွန်ပင် မျက်စိဖမ်းစားနိုင်လေသည်။

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now