အခန်း (၁၃)

531 57 0
                                    

အခန်း (၁၃)

ရှချင်းထန်းသည် ကျောင်းမေ့ကျန်း၏ နီရဲနေသော မျက်လုံးများကို စိုက်ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မ ဒီလို ဒဏ်ရာတွေ ရနေခဲ့တာ ရက်အတော်ကြာနေပြီ၊ ဆေးရုံတင်ထားရပေမဲ့လဲ အမေ ကျွန်မကို လာမတွေ့လိုက်ဘူး။ ဒီကို လာဖို့ တော်တော် အားထုတ်ခဲ့ရတယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီကိုလာဖို့ မမျှော်လင့်ထားပေမဲ့ ရောက်လာတော့လည်း ဆူပူကြိမ်းမောင်းနေတယ်"

"ငါနင့်ကို ဆူတာဘာဖြစ်လို့လဲ၊ နင့်ကို မဆူသင့်ဘူးလား။ ရှောင်ခုံးကို မစော်ကားရင် နင့်အဖေက ထိခိုက်မှာတဲ့လား။ ဝိုင်းပြီးတော့ရှောင်ဖယ်တာကို ခံရမှာတဲ့လား၊ အခုနင့်အစ်ကိုပါ ဒီကိစ္စထဲပါနေရပြီ ရှချင်းထန်း၊ ငါရှင်းရှင်းပြောပါရစေ၊ ရှောင်ခုံးကို သူ့စိတ်ပြောင်းဖို့ နင်မလုပ်နိုင်ရင် ငါနင့်ကို လည်ပင်းညှစ်ပြီး နင့်အလုပ်ကို နင့်အစ်ကိုကိုပဲ ပေးလိုက်တော့မယ် တခြားမိန်းကလေးတွေက သူတို့အစ်ကိုကို ပိုကောင်းတဲ့ဘဝရဖို့ ဘယ်လို လုံခြုံအောင် လုပ်ပေးရမယ်ဆိုတာကို သိကြတယ်။  နင်မကူညီနိုင်ဘူးဆိုရင်တောင် အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်လိုတောင် နင့်အစ်ကိုကို ဘယ်လိုဒုက္ခပေးရတာလဲ။ တစ်ခါတလေ နင့်ကိုမွေးမိတာ ငါနောင်တရတယ်"

ကျောင်းမေ့ကျန်း၏ အော်သံများသည် ဖုံးလွှမ်းကာ မုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။  အခြားသူအားလုံး အံ့အားသင့်သွားကြသော်လည်း ရှချင်းထန်းသည် ထိုသို့သော ဆက်ဆံမှုမျိုးကို ကျင့်သားရနေခဲ့သည်။

ကျောင်းမေ့ကျန်း၏ သားသမီးများထဲတွင် ရှတာ့ဟိုင်သာလျှင် အမှန်တကယ်သူမ၏သား၊ ရှချင်းထန်းသည် အမှိုက်ထက် ပိုဆိုးသည်။

ထိုသို့သော ကိစ္စကို ကျင့်သားရနေသော်လည်း ရှချင်းထန်းသည် ခဏတာမျှတော့ နာကျင်မှုကို ခံစားရဆဲ ဖြစ်သည်။

ထိုခဏတွင် သတိမထားမိစွာ နာကျင်မှုအနည်းငယ် ပေါ်လာသောကြောင့် သူမ ရင်ဘတ်ပေါ် လက်ကို တင်လိုက်မိလေသည်။

သူနာပြုဆရာမလေးတစ်ယောက်က သူ့အနားကို ပြေးလာပြီး "အဆင်ပြေလား၊ ဦးနှောက်ကို ထိခိုက်မိထားတာဆိုတော့ အရမ်းကြီး တုံ့ပြန်ပြီး မခံစားနဲ့ဦးနော်"

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now