အခန်း (၁)

1.1K 119 1
                                    

အခန်း (၁)

ချစ်ချစ်တောက် ပူနေသော နေရောင်အောက်တွင် ရှချင်းထန်းသည် ဟင်းရွက်ဈေးထဲမှ မောကြီးပန်းကြီး ထွက်လာပြီး လေးလံသော အိတ်နှစ်လုံးကို သယ်ထား၏။ သူမလက်နှစ်ဖက်လုံးက နာကျင်ကိုက်ခဲနေပြီး မျက်နှာနှင့် ခေါင်းတွင်လည်း ချွေးများ ချွဲနစ်နေ၏။

၁၉၉၈ ခုနှစ်၊ ဩဂုတ်လ အစောပိုင်းသည် အပူပြင်းဆုံးအချိန် ဖြစ်သည်။ ရှချင်းထန်းက အသက်တစ်ရှိုက်စာအတွင်း လမ်းဖြတ်များစွာကို ဖြတ်လျှောက်ခဲ့ပြီး နောက်ဆုံး၌ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် အနားယူရန် ခဏရပ်လိုက်တော့သည်။

သူမက လေးလံလှသော အဝတ်အိတ်ကို ငုံ့ကြည့်မိပြီး အနားယူရန် ခြေ‌ထောက်အောက်တွင် ချထားချင်ခဲ့၏။ သို့သော် သူမ မချရဲချေ။ ကြက်ဥကွဲသွားပါက သူမ၏ဝမ်းကွဲက သူမကို ထပ်ပြီး ဆူငေါက်နေလိမ့်မည်။

သူတို့သည် ဝမ်းကွဲများ ဖြစ်သော်ငြား ကလေးထိန်းတစ်ယောက်အနေဖြင့် သူတို့ဒေါသကို ခံစားရဦးမည်။

"ဒါက ရှချင်းထန်း မဟုတ်ဘူးလား"

ရင်းနှီးသော်ငြား စိမ်းသက်နေသည့် သံတစ်သံက သူမရှေ့ရှိ မလှမ်းမကမ်းမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ရှချင်းထန်းက တုန်ယင်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ သူမ၏အရင်ယောက်ျား ခုံးလျန်ချောင်ကို တွေ့လိုက်ရသည်။ ထိုသူက ဝံ့ကြွားစွာ ဝတ်စားထားပြီး သူမဘေး၌ ဖက်ရှင်ကျသည့် စကပ်တိုကို ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာ ပြုလုပ်ထားသည့် မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်ရ၏။

ရှချင်းထန်းသည် ခုံးလျန်ချောင် နောက်အိမ်ထောင်ပြုတာကို ကြားခဲ့၏။ သို့သော်ငြား သူ၏ လက်ရှိဇနီးသည်က ထိုမျှအထိ ငယ်ရွယ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိဦးလိမ့်မည်ဟု မထင်ထားပေ။

"ယောက်ျား ဒါက ဥမဥနိုင်တဲ့ ရှင့်ရဲ့အရင်မိန်းမလား။ သူ အရင်တုန်းက စက်ရုံပန်းပွင့်လေးတစ်ပွင့် ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ဘာကြောင့် ဒီလောက်အိုစာနေရတာလဲ။ အသက်လေးဆယ်ပဲ ရှိသေးတယ်။ ကျွန်မ အဘွားထက်တောင် ပိုအိုစာနေပြီ"

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now