အခန်း (၃.၂)

920 111 2
                                    

အခန်း (၃.၂)

ယခုအချိန်တွင် အမိမြေကို အမှန်တကယ် အကျိုးပြုလိုသော ရိုးသားသော အလုပ်သမား အများအပြား ရှိလေသည်ပင်။  ထို့ကြောင့် ရှချင်းထန်းသည် သူမ၏ ခံစားချက်များကို ဖော်ပြသောအခါ ဝမ်ရှောင်းလီသည် ထိုသို့ပြောခြင်းမှာ မသင့်လျော်ကြောင်း စဥ်းစားမိကာ တီးတိုးပြောလိုက်လေသည်။ 

"ဒါပေမဲ့ မကြာခင်မှာပဲ ငါတို့အားလုံး လက်ထပ်ဖို့ တစ်ယောက်ကို ရှာရလိမ့်မယ်။ ဆိုးတာထက် ကောင်းတဲ့သူကို ရှာတာ ပိုကောင်းတယ်လေ"

"နင်ပြောတာက အဓိပ္ပာယ်ရှိတယ်" လို့ ရှချင်းထန်းက ရိုးရိုးသားသား ပြန်ဖြေလေသည်။  "ရှောင်းလီ နင်ရဲဘော်အနေနဲ့ သင့်တော်တယ်လို့ ထင်ရင် နင်လည်း သူ့ကို ရင်းနှီးလာဖို့ အစပျိုးနိုင်ပြီပဲ။ သူက အပြင်မှာတင် ရှိနေသေးတာ"

ဝမ်ရှောင်းလီလည်း ချက်ချင်းပင် ရှက်သွားလေသည်။  "နင်ဘာတွေ လာပြောနေတာလဲ၊ ဖြစ်နိုင်ခြေရှိတဲ့ သူတွေနဲ့ တွေ့ဖို့ ငါ စိတ်မဝင်စားဘူး။ မင်းလိုပဲ ငါလည်း အလုပ်ကြိုးစားချင်တယ်"

ရှချင်းထန်းနှင့် အသက်အရွယ်တူပြီး အချစ်ရေး အတွေ့အကြုံမရှိသောကြောင့် သူမသည် ဖြစ်နိုင်ခြေရှိသော လက်တွဲဖော်များနှင့် တွေ့ဆုံခြင်းဆိုသည့်ခေါင်းစဉ်ကို ဘယ်သောအခါမှ ထုတ်ဖော်ပြောဝံ့မည်မဟုတ်ပေ။

"မှန်ပါတယ်၊ ငါတို့အားလုံး စက်ရုံဒါရိုက်တာရဲ့ အကြံဉာဏ်ကို လိုက်နာသင့်တယ်၊ လုံ့လစိုက်ထုတ်ပြီးတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးပြုတာမျိုး လုပ်သင့်တယ်... ကိုယ်ရေးကိုယ်တာကိစ္စတွေကိုတော့ ရှောင်သင့်တယ်" ဟု ရှချင်းထန်းက ရှောင်းလီ၏အကြံကို သဘောတူခဲ့သည်။

သူမသည် ထိုကိစ္စကို နောက်တစ်ကြိမ် ထပ်ပြောရန် မရည်ရွယ်ထားသော်လည်း ခုံးလျန်ချောင်၏ စရိုက်လက္ခဏာကြောင့် ဤပြဿနာသည် ဖြေရှင်းပြီးရန်အတွက် ဝေးနေသေးသည်ကို သူမနားလည်ခဲ့သည်။

သူသည် ငယ်စဉ်ကတည်းက သက်သောင့်သက်သာရှိသော ဘဝနေထိုင်မှုကို ကျင့်သားရခဲ့ပြီး သူ၏ စာသင်မှု သို့မဟုတ် အသက်မွေးဝမ်းကြောင်းတွင် မည်သည့်အခက်အခဲမှ မကြုံဘဲ ချောမွေ့စွာ ရွက်လွှင့်နိုင်ခဲ့သည်ပင်။ ထိုအရာက သူ့ကိုယ်သူအား လေးစားမှု လွန်ကဲလာသည့်အထိဖြစ်သည်။ ရှချင်းထန်း၏ ယခုတစ်ကြိမ် ငြင်းပယ်ခံရခြင်းကြောင့် မျက်နှာပျက်ရကာ ၎င်းအတွက် ပြင်လည် ပြင်ဆင်ရန် ဆုံးဖြတ်ထားလေသည်။

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now