အခန်း (၉)

471 56 0
                                    

အခန်း (၉)

"စိတ်မပူပါနဲ့၊ ငါလှည့်မကြည့်ဘူး။ ဒါပေမဲ့အဲ့အမျိုးသမီးက ဘာတွေ ထူးခြားနေလို့လဲ အစ်ကိုချောင်က အဲ့အမျိုးသမီးကို လက်ထပ်မှာလား"

"ဘယ်လိုသိမှာလဲ... အစ်ကိုချောင်ကို စိတ်ပူမနေနဲ့"

.......

ရှချင်းထန်းသည် ချည်မျှင်မှ သံမဏိစက်ရုံသို့ လျှောက်လာရင်း အသက်ရှုကြပ်သွားလေသည်။  သူမကို မှတ်သားထားပြီး သူမ၏လှုပ်ရှားမှုများကို စောင့်ကြည့်ကာ လမ်းကြောင်းတစ်လျှောက် တိုက်ခိုက်ရန် အစီအစဥ် ဆွဲထားကြောင်း ထင်ရှားသည်။

ယခုခေတ်၌ မိန်းကလေးဘက်မှ တစ်ခုခုဖြစ်ခဲ့ပါက သူ့ဘဝ ပျက်စီးသွားလိမ့်မည်ပင်။  ဘယ်သူ့ကိုမှ မပြောရဲဘဲ... တစ်ယောက်တည်းပင် ရဲတွေခေါ်ရပေလိမ့်မည်။

သို့သော်ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းသည်လည်း လက်တွေ့တွင် အချည်းနှီးပင်ဖြစ်သည်။  ခိုင်လုံသောသက်သေများ၊ ရုပ်ပိုင်းဆိုင်ရာ သက်သေများ သို့မဟုတ် ဖမ်းဆီးထားခြင်းမရှိဘဲ၊ ယင်းကဲ့သို့သော အမှုများကို လက်ရှိရာဇ၀တ်နည်းလမ်းများဖြင့် မဖြေရှင်းနိုင်သေးပေ။

ရဲများ ပါဝင်ပတ်သက်မှု၏ ရလဒ်ကမှာ လူသတ်သမားကို ဖမ်းဖို့ ပျက်ကွက်သည်သာ ရပေလိမ့်မည်။  ယင်းအစား၊ ကျန်ခဲ့သော မိန်းကလေးသည် ကြမ်းတမ်းသော မီးမောင်းထိုးပြမှုအောက်တွင် နာကျင်စွာ နေထိုင်ရကာ....ကိုယ်တိုင်တည်ရှိမှုကို မိမိဘာသာ သိမ်းကြုံး၍ ကြံကြံခံရပ်တည်ရမည်ပင်။

ထိုနေ့က ခုံးလျန်ချောင်သည် ဤကဲ့သို့ စကားများ ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အစီအစဥ်ကို ကြိုးကိုင်ထားသောကြောင့် ရှချင်းထန်းမှာ သူ့ဆီသို့ ပြန်လာရန် တောင်းပန်မည်ဟု သေချာပေါက် တွက်ထားလေသည်။ ရှချင်းထန်းသည် သူထိပါးစော်ကားသည်ကို အထောက်အထား မရှိသောကြောင့်... သူ့ဆီ ပြန်လာသည့်ရှချင်းထန်းအား ဒူးထောက်ကာ သူ့ကို လက်ထပ်ရန် တောင်းပန်ခိုင်းမည်ဟု ကြံစည်ထားလေသည်။

ဒီလိုအခြေအနေမျိုး ရောက်လာရင်တော့ အဲ့မိန်းမမှာ တခြားဘာအကူအညီတွေရှိမှာလဲ။

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now