အခန်း (၁၀)
ရှချင်းထန်းသည် သူမအားလှမ်းဆွဲကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
"စိတ်မဆိုးဘဲ ထမင်းပြီးအောင်စားလိုက်နော်"
ဟူယန်နီသည် အလွန်စိတ်ဆိုးသဖြင့်မျက်နှာများပင် ရဲတက်လာသည်။
"အဲ့ဒီခုံးဆိုတဲ့လူကို နင်ဘာကြောင့် စိတ်မဆိုးနိုင်ရတာလဲ။ သူက ဘယ်လိုအရူးကောင်လဲ။ နင့်ကို ဘာလို့ အဲ့လိုအနိုင်ကျင့်ရတာလဲ။ သူတို့ကေဒါမိသားစုက ဘာဖြစ်နေကြတာလဲ။ ကေဒါမိသားစုက တခြားသူတွေအပေါ် အနိုင်ကျင့်လို့ရလား”
ထိုအချိန်တွင် ဟူအဖေသည် ညင်သာစွာပြောလိုက်သည်။
"အဖေ ဒီစကားကို မပြောချင်ပေမဲ့ အခြားကေဒါမိသားစုက တကယ်တော့ အဖေတို့နဲ့ ကွာတယ်လေ။ သမီးသူ့ကို ရှာဖို့ အခုအလျင်စလိုလုပ်မယ်ဆိုရင် သမီး ချင်းထန်းကို ဘယ်လိုကူညီပေးနိုင်မှာလဲ။ သူမကို အိမ်ပြန်ဖို့ ကူညီပေးနိုင်လား။ သူမကို နောက်တစ်ကြိမ် အလုပ်ရုံကိုပြန်ဝင်ပြီး ရက်ကန်းသမားအဖြစ် ပြန်အလုပ်ဆင်းနိုင်အောင် ကူညီနိုင်လား”
"သမီးမလုပ်ပေးနိုင်ဘူး"
ဟူယန်နီသည် အနည်းငယ် စိတ်ရှုပ်သွားကာ သူမစကားပြောရင်း မျက်ရည်များ အနည်းငယ် ကျလာသည်။
"ဒါပေမဲ့.... ခုံးဆိုတဲ့သူက ချင်းထန်းကို ဒီလိုအနိုင်ကျင့်နေတာ သမီးတို့ ဒီတိုင်းပဲ ခွင့်ပြုပေးရမှာလား”
ရှချင်းထန်းသည် အလွန် စိတ်ထဲခံစားသွားရသည်။ ဤသူငယ်ချင်းကောင်းသည် လူအများ သိကြသည့် မိသားစု၀င်တွေထက်စာရင် အများကြီး သူမအပေါ်စစ်မှန်မှုရှိ၍ ပိုသာနေသည်။ သူမသည် ယန်နီ၏ ဘယ်ဘက်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လေးလေးနက်နက်ပြောလိုက်သည်။
"ယန်နီ၊ ကျေးဇူးတင်ပါတယ်”
"နင်ငါ့ကို ဘာအတွက် ကျေးဇူးတင်နေရတာလဲ။ ငါနင့်ကို ဘာမှမကူညီပေးနိုင်ဘူးလေ”
"နင်ငါ့ကို အများကြီးကူညီပေးခဲ့ပါတယ်။ နင်နဲ့ဦးလေးရယ် အဒေါ်ရယ်က ငါ့ကို ဒီကိုခေါ်လာပေးတယ်။ မဟုတ်ရင် ငါလမ်းပေါ်မှာ နေနေရမှာ”
YOU ARE READING
ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်
Romanceမိတ်ဆက် သူမ ယခင်ဘဝ၌ ရှချင်းထန်း၏ ဘဝသည် အတက်အကျ များစွာ ပြည့်နှက်နေခဲ့သည်။ သူမသည် ယာယီရွှေ့ပြောင်းရာ အိမ်ယာရှိသည့် မြို့လေး၌ ကြီးပြင်းလာခဲ့ပြီး သူဌေးမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်ခဲ့ကာ စာကလေးမှ ဖီးနစ်အဖြစ် ပြောင်းလဲခဲ့လေ၏။ သို့သော် သူမသည် ရက်အနည်းငယ်မ...