အခန်း (၁၂)

540 80 3
                                    

အခန်း (၁၂)

ရှချင်းထန်းသည် ချက်ချင်း ရှက်သွေးဖြာသွားသည်။

ဘာကြောင့် ဟူအမေက သူမက တစ်နေ့တည်းမှာ လူသုံးယောက်နှင့် တွေ့မည်ဖြစ်ကြောင်း ရှဲ့ကျင်းရွှမ်အား ပြောရသနည်း။

ဆက်ဆံရေးအတည်မဖြစ်ခင် လူအနည်းငယ်ကို တွေ့ခြင်းမှာ သာမန်ဖြစ်သော်လည်း သူမလို တစ်နေ့တည်းတွင် လူသုံးယောက်နှင့်တွေ့ခြင်းသည် အမှန်တကယ်ရှားပါးပြီးရဲရင့်သည်။

သူမသည် အနည်းငယ် ရှက်‌သွားကာ ပြောလိုက်သည်။

"အဒေါ်လီက ကျွန်မအတွက် ရက်ချိန်းလုပ်ပေးထားတာ  အခုချိန် ချိန်းထားတာ ဖျက်လိုက်ရင် နောက်ကျသွားမလား”

ထိုအချိန်က လက်ကိုင်ဖုန်းများ မရှိသေးချေ။ ထို့ကြောင့် ဖုန်းခေါ်ဆိုခြင်းသည် တန်ဖိုးကြီးသည့် အပြုအမူပင် ဖြစ်သည်။ အကယ်၍ စီစဉ်ထားသည့်အရာကို ခဏတာအတွင်း ပြောင်းလဲမည်ဆိုလျှင် တခြားကောင်လေးနှစ်ယောက်အား အသိပေးရန် နောက်ကျသွားမည်ဖြစ်သည်။

ရှဲ့ကျင်းရွှမ်က ပြောလိုက်သည်။

"ကျွန်တော် အဒေါ်လီကို သွားစကားပြောပြီးမှ လုပ်စရာရှိတာ‌ လုပ်ရင်ရော"

"အရှက်ရတာထက်စာရင် နှုတ်ဆက်စကားပြောတာက အများကြီးပိုကောင်းတယ်”

ရှချင်းထန်းသည် တစ်ခဏအတွင်း စဉ်းစားကာပြောလိုက်သည်။

"ရဲဘော်ရှဲ့၊ ရှင်က ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိဘူးလား”

ရှဲ့ကျင်းရွှမ်သည် စိတ်ရင်းဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်။ မင်းတခြားတစ်ယောက်ကို ကြည့်ပြီး ကျွန်‌တော်ထက် ပိုသဘောကျသွားလို့ စဉ်းစားပေးမှာကို ကျွန်တော်စိတ်ပူတယ်”

ရှချင်းထန်းသည် တစ်ခုခုကိုပြောတော့မည့်အချိန်တွင် ရှဲ့ကျင်းရွှမ်သည် ဆက်ပြောလိုက်သည်။

"မေ့လိုက်တော့။ ကျွန်တော် မင်းကို တစ်ယောက်ယောက်နဲ့ တွေ့စေချင်သေးတယ်။ အားလုံးက ချိန်းပြီးသားတွေ။ ချိန်းထားတာကို ဖျက်တာ မကောင်းဘူး။ ပြီး‌တော့ တစ်ယောက်ယောက်က ကျွန်တော့်ထက် ကောင်းရင်အားမနာဘဲ သူ့ကိုရွေးပါ။ မင်းမှာ ကောင်းတဲ့ဘ၀ရမယ်ဆိုရင် ကျွန်တော်၀မ်းသာပါတယ်”

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now