အခန်း (၅)

539 75 0
                                    

အခန်း (၅)

ဒါရိုက်တာဝူသည် စိတ်ပျက်နေသော်လည်း ချုပ်တည်းထားလိုက်လေသည်။ မကျေနပ်သော်လည်း သူက ပြုံးပြီး ထရပ်လိုက်ကာ နောက်ထပ်အကြံတစ်ခုကို ပေးဖို့ စီစဉ်ခဲ့သည်။ "ကောင်းပြီ၊ မင်းရဲ့သတင်းစကားကို ရဲဘော်ခုံးကို ငါသေချာပြောပြလိုက်မယ်။ ဒီနေ့အတွင်း ငါပြန်လာခဲ့မယ်"

ရှချင်းထန်းက ချက်ခြင်းပင် သူမကို အပြင်သို့ လိုက်ပို့ရန်ထလိုက်ပြီး "ဒါရိုက်တာဝူ၊ ဂရုစိုက်ပြီးပြန်ပါ ကျွန်မဆီက သတင်းကိုလည်း ရဲဘော်ခုံးဆီ ပြန်ပို့ပေးပါ"

ထိုအချိန်တွင် ကျောင်းမေ့ကျန်းသည် သမီးဖြစ်သူ၏ အပြုအမူနှင့် စကားများကို ဆုပ်ကိုင်လိုက်လေသည်။  သူမရဲ့အိမ်ထောင်ရေး အတွက် ရွှေရောင်အခွင့်အရေးကို တွန်းဖယ်နေခဲ့တာပဲ။

အဆင်သင့် လုပ်ထားပြီးတော့ အားသာချက်ရှိတဲ့ ပွဲတစ်ပွဲကို သူမက စွန့်ပစ်နေတာလား။  ဒါကို ဘယ်လိုခွင့်ပြုနိုင်ရမလဲ။

ရှချင်းထန်းကို ဘေးသို့ တွန်းဖယ်လိုက်ရင်း ကျောင်းမေ့ကျန်းသည် အပြေးအလွှား ပြေးလာကာ ဒါရိုက်တာဝူ၏ လက်မောင်းကို လှမ်းဆွဲလိုက်လေသည်။

”ဒါရိုက်တာဝူက ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားချင်ရတာလဲ။ ကျွန်မတို့လို လူကြီးတွေပဲ ဒီကိစ္စကို ဆွေးနွေးသင့်တာ။ ကလေးတွေက ဘာသိမှာလဲ။ ဒါရိုက်တာဝူကို ကျွန်မပြောပါရစေ... ဒီအိမ်ထောင်ရေးကို ပြေလည်ဖို့အတွက်က ကျွန်မတို့ အကူအညီ လိုနေသေးတယ်မလား..."

ဒါရိုက်တာဝူက အပြုံးတစ်ဝက်ဖြင့် "ရှင့်ရဲ့သမီးက မရိုးရှင်းဘူး။ သူမက တစ်ခြားသူတွေကို အထင်သေးနေတာမျိုး ထင်တယ်" ဟု တိုးတိတ်စွာ ပြောခဲ့လေတယ်။

"သူမက ဘယ်သူ့ကို အထင်သေးတာ၊ သူတို့က ကေဒါမိသားစုကလေ။ ဘယ်လိုတောင် အထင်သေးရဲတာလဲ"  ကျောင်းမေ့ကျန်းအံ့သြစွာဖြင့် ထိတ်လန့်သွားလေသည်။  အင်္ကျီလက်စတွေကိုပါ လှန်ပြီး ရှချင်းထန်းကို သင်ခန်းစာတစ်ခု သင်ပေးဖို့အတွက် ပြင်ထားလိုက်လေသည်။

သို့ပေမဲ့ ဒါရိုက်တာဝူက သူမကို ပြုံးပြလိုက်ကာ "သူမကို အဲ့လိုမလုပ်ပါနဲ့၊ သူတို့က အရွယ်ရောက်ပြီးသား မိန်းကလေးတွေ ဖြစ်တာမို့ အဲ့လိုမျိုးတွေကို သဘောမပေါက်ကြဘူး။ ဒီလိုမျိုး အတင်းအကြပ်လုပ်ရင် ဒီကိစ္စက အောင်မြင်မယ်လို့ မထင်ဘူး။ ရှင်က သူ့အမေပဲ၊  တခြားနည်းလမ်းတွေ စဉ်းစားဖို့လိုတယ်"

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now