အခန်း (၁၅)

758 75 3
                                    

အခန်း (၁၅)

ရှချင်းထန်းသည် ကျောင်းမေ့ကျန်းတို့ ငွေပေးရန် ရောက်ရှိလာသည်ကို အာရုံခံမိသောကြောင့်ပင် စိတ်ထဲမှ ပြုံးလိုက်မိလေသည်။  သူမသည် သူမ၏ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်လိုက်ကာ သူတို့နှစ်ယောက်ထံ ချဉ်းကပ်ခဲ့သည်။  "ရောက်ပြီလား"

"ဒီစာအိတ်က မင်းအတွက်"  ရှတာ့မင်သည် တစ်ဝက်နွမ်းနေသော စက္ကူစာအိတ်ကို ရှချင်းထန်းအား ပေးအပ်လိုက်ပြီး "ဘယ်လိုနေလဲ နေကောင်းရဲ့လား" ဟုမေးလိုက်လေသည်။

ရှချင်းထန်းက မတုံ့ပြန်သေးဘဲ စာအိတ်ကို ထောင့်တစ်နေရာမှ ဖွင့်လိုက်ပြီး ငွေများကို ရေတွက်လိုက်လေသည်။  ယနေ့အစောပိုင်းတွင် ရှတာ့မင်ဘဏ်မှ ထုတ်ယူခဲ့သော ယွမ်နှစ်ရာရှိသည်မှာ အမှန်ပင်ဖြစ်ပေသည်။

ကျောင်းမေ့ကျန်း၏ အမူအရာသည် အိုးဖင်ကဲ့သို့ပင် မည်းမှောင်နေကာ သူမ၏မျက်လုံးများသည်လည်း နီရဲနေလေသည်။ သူမညဘက်တွေ အိပ်မပျော်ပုံရလေသည်။ ရှချင်းထန်းက စာအိတ်လက်ခံတာကို မြင်တော့ သူမက "ငါနဲ့လိုက်ခဲ့။ ဒါရိုက်တာဝူကို တောင်းပန်ရမယ်။ ပြီးတော့ ရှောင်ခုံးကလည်း ငါတို့ကို တွေ့ချင်နေပြီ" ဟုပြောလိုက်လေသည်။

ရှချင်းထန်းခေါင်းညိတ်လိုက်သည်။  "အဲ့ကိုအတူတူသွားကြရအောင်။ ဒါက ရှင့်ရဲ့ချစ်လှစွာသောသား ကိစ္စဆိုတော့....။ ရှင်အကူအညီတောင်းဖို့ စိတ်အားထက်သန်စွာနဲ့ ဒူးထောက်တောင်းပန်ရင် တောင်းပန်ရမှာ"

ရှတာ့မင်သည် သိသိသာသာပင် ရှက်ရွံ့နေပုံရသော်လည်း၊ သူသည် နှုတ်ဆိတ်နေပြီး ကျောင်းမေ့ကျန်းနောက်မှ တိတ်တဆိတ်ပင် လိုက်လာလေသည်။ နောက်ဆုံးတော့ သူတို့သုံးယောက်စလုံး ဒါရိုက်တာဝူ၏ နေအိမ်သို့ အတူတကွ သွားခဲ့လေသည်။

ထိုကိစ္စ၏ လျှို့ဝှက်ကိစ္စဖြစ်ကာ၊ ခုံးလျန်ချောင်သည် ယုတ်မာသောကြောင့် သူနှင့် ရှမိသားစုနှစ်ရပ်စလုံးက ထိုကိစ္စကို သတိရှိရှိ မျက်ကွယ်ရာအရပ်၌ ဖြေရှင်းရန် ဆန္ဒရှိခဲ့ကြသည်။

ဒါရိုက်တာဝူ၏အိမ်သို့ ရောက်သောအခါတွင် ဧည့်ခန်းက သန့်ရှင်းသပ်ရပ်နေကာ ထိုအခန်းတွင်ဆေးဖက်ဝင် လက်ဖက်ရည်နှင့် စပျစ်သီးတစ်ပန်းကန်တို့ကို စောင့်ကြိုနေသည် ကို တွေ့လိုက်ရသည်။  ဆိုဖာအလယ်မှာ ဂုဏ်ယူစွာ ထိုင်နေတဲ့ ခုံးလျန်ချောင်သည် နွမ်းဖပ်နေသည့် ရှချင်းထန်းကို စိုက်ကြည့်နေလေသည်။

ရွှေကိုင်းခက်ပေါ်ဝယ် ခိုနားမယ်Where stories live. Discover now