part_1

918 73 27
                                    

အပိုင်း_၁

....

ညဘက် ဆိုင်သိမ်းချိန် သီချင်းတအေးအေးညည်းနေခိုက် ဆိုင်ရှေ့မှာထိုးရပ်လိုက်သောကားကြောင့် မင်ကယူလှမ်းကြည့်လိုက်မိသည်။သူ‌ကြည့်နေတုန်းမှာပဲ ကားထဲကနေ မျက်မှန်နဲ့အကိုကြီးတစ်ယောက် အထုတ်ပလုတ်တွေနဲ့ဆင်းလာတာတွေ့တော့ ရည်မွန်တဲ့သူ့အကျင့်လေးအတိုင်း ပြေး၍ သယ်ကူပေးလိုက်သည်။

"အပေါ်ထပ်ကို ပြောင်းလာတဲ့အကိုထင်တယ်‌ဗျ"

"ဗျာ...အာ ဟုတ်.."

"ဟုတ်ကဲ့ ကြီးမေပြောထားလို့ ကျွန်တော်သိထားပါတယ်။ အပေါ်ထပ်ကို လိုက်ပို့ရမလား အကို့အထုပ်တွေ ဒါအကုန်ပဲလား"

ဖော်ဖော်ရွေရွေနဲ့ပြောလာသော ကောင်လေးက သူ့ထက်အရပ်မြင့်သော်ညား အသက်အရွယ်အားဖြင့်သူ့ထက်ငယ့်မည့်ပုံပင်။ ကြည့်ရတာ စားပွဲထိုးလေးဖြစ်လောက်သည်။

"ရပါတယ် အကို့သူငယ်ချင်းတွေ လာသယ်ပေးလိမ့်မယ်"

၀န်ဝူးက ပြေပြေလည်လည်ပဲ ငြင်းဆန်လိုက်တော့ ကောင်လေးက အားမနာဖို့ပြော၍ သူ့အထုပ်ကို အတင်း‌သယ်ကူနေသည်။ ၀န်ဝူးနေရမည်က သုံးလွှာမှာမို့ ဆယ်ကျော်သက်ကလေးတစ်ယောက်က ဒီအထုပ်တွေနဲ့ သုံးလွှာပေါ်ထိတက်ဖို့ဆိုတာ မလွယ်လှပါ။ ထို့ကြောင့် အတင်းငြင်းဆန်လိုက်တော့ အတူနေမယ့် အခန်းဖော်တွေ ဆင်းလာကြိုလို့ တော်သေးတော့သည်။ သို့သော် ၀န်ဝူး ထိုကောင်လေးကို ကျေးဇူးတင်ကြောင်းပြောခဲ့ဖို့ ‌မမေ့လျော့ခဲ့ပါ။

......

"လာ ဒါမင်းနေရာ...။ ငါ့နာမည်က ဂွမ်ဟိုရှီ ပြီးတော့သူက ယွန်ဂျောင်ဟန် ငါတို့ထက်တော့ တစ်နှစ်ကြီးတယ်...တတိယနှစ်က"

ဂျောင်ဟန်က ၀န်ဝူးရဲ့အထုပ်တွေ သယ်ကူလာပြီးတည်းက ဖလက်ပြပြီး ကုတင်ပေါ်မှာ မှောက်ယက်ဖြစ်နေပြီဖြစ်တာကြောင့် သူ့ကို ဟိုရှီမိတ်ဆက်ပေးတော့ အိပ်ယာထဲကနေပဲ လက်ထောင်ပြလိုက်သည်။

"အဟင်း..ဂျောင်ဟန်နီး‌ေဟျာင်းက နည်းနည်းပင်ပန်းလွယ်လို့...မင်းတို့န‌ှစ်ယောက် အတူတူအိပ်ရမှာ"

"အော်..."

၀န်ဝူးက အတူနေရမယ့်အခန်းဖော်ချင်းမို့ အဆင်ပြေကြဖို့မျှော်လင့်ရင်း သူ့ကိုယ်သူပြန်မိတ်ဆက်ပေးလိုက်သည်။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now