part_5

321 55 16
                                    

အပိုင်း_၅

.....

ဂျီဟွန်းဆေးပေးခန်းကိုရောက်တော့ မ၀င်ခင် အထဲကဆရာမပြောနေတာကိုအရင်ကြားလိုက်ရသည်။

"ဆေးရုံကိုမြန်မြန်ပို့ရအောင် ဒါအရိုးကျိုးတာ ပေါ့ပေါ့ဆဆလုပ်လို့မဘူး"

ကာယဆရာနဲ့ဆေးပေ‌းဒေါက်တာတို့စကားသံကြား ဟိုရှီ၏ ခပ်အစ်အစ်အော်သံကိုလည်းကြား‌ေနရသည်။ ထို့နောက် ဂျီဟွန်း တံခါးကို ဆွဲဖွင့်လိုက်ကာ..

"ကားခေါ်ထားတာမလို့ သွားဖို့အဆင်သင့်ပဲ.."

"ဟင် ဂျီဟွန်းနား..ဘယ်လိုလုပ် ကလေးတွေအကုန်လိုက်လာတာလား"

ကာယဆရာက စိုးရိမ်ပြီးမေးတော့ ဂျီဟွန်းခေါင်းခါပြသည်။

" အွန်း ကျေးဇူးပဲ ကဲ သွားရအောင် ဟိုရှီရား နည်းနည်းပဲသည်းခံထားပေးဦး"

ဒီလိုနဲ့ပဲ လီဂျီဟွန်းပါတစ်ပါတည်း ဆေးရုံကြီးသို့ ရောက်ရှိသွား၏။ ဆေးရုံရောက်တော့ အရေးပေါ်ဌာနကို ၀င်ရချိန် တွန်းလှဲပေါ်မှ ဟိုရှီသည် ချွေးစေးများနဲ့အတူ မျက်နှာဟာလည်း နာကျင်မှုကိုသည်းခံရင်း ရဲတွတ်နေပြီဖြစ်ရာ လည်ပင်းကြောများပင် ထောင်နေတော့သည်။

"ဆရာ၀န်ကြီးက အထဲမှာခွဲစိတ်နေတုန်းမလို့ ခဏစောင့်ရဦးမယ်တဲ့"

"ဘယ်လို..."

ဆရာဖြစ်သူက ကုတင်ပေါ်မှာမှောက်ယက်ဖြစ်နေတဲ့ကလေးကို ငဲ့ကြည့်သည်။ ဒီအခြေနေမှာတောင် တောင့်ခံနေရတဲ့ကိုယ့်ကျောင်းသားက အရွယ်နဲ့မှမလိုက်ဖက်ရှာ၊ လူးလှိမ့်နိုင်ခြင်းလည်းမရှိ လက်သီးကျစ်ကျစ်ဆုပ်၍သာ အံကြိတ်အော်နေရသည်။ ထိုအခါ ဆရာ့လိုပဲ တွေးမိတဲ့ဂျီဟွန်းက အပြင်ခဏထွက်သွားပြီး အမေဖြစ်သူကို ဖုန်းခေါ်လိုက်သည်။

"အွန်းသားလေး ဘယ်လောက်လိုလိုလို့လဲ။ "

"****ဆေးရုံမှာ အမေ၀င်ခွဲစိတ်ပေးလို့ရလား"

"ဘယ်လို..."

"အကူအညီတောင်းပါတယ် အခုလာပေးလို့ရမလား"

"သားလေး ဘာဖြစ်လို့လဲ မေမေ့ကိုပြောစမ်း။ မေမေလူလွှတ်လိုက်ရမလား ရန်ဖြစ်တာလား"

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now