part_9

336 51 63
                                    

အပိုင်း_၉

....

စာမေးပွဲဖြေဖို့ နှစ်ရက်အလိုမှာ ကျောင်း၀န်းထဲ၀င်လာကြသူတိုင်းက ချိချိနဲ့နဲ့။ ဘယ်သူ့ကြည့်ကြည့် ဇာတ်လေးတွေပုလို့ ခြေလှမ်းတွေက အားမပါကြပေ။
ဂျောင်ဟန်တို့လေးယောက်လည်း ထို့နည်းတူစွာ တစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောနိုင် နှေးတိနှေးကွေးနဲ့ ကျောင်းကိုထွက်လာကြ၏။

"ဟျောင်း..."

"အွန်း..."

ပျင်းရိပျင်းတွဲအသံနဲ့ဟိုရှီခေါ်တော့ ပျင်းရိပျင်းတွဲပြန်ထူးတဲ့ဂျောင်ဟန်။

"ကျွန်တော်တို့ အတန်းလစ်ကြမလား"

"ရူးနေလား"

ဂျောင်ဟန်ပြောလိုက်ပေမယ့် ‌ဘေးကနှစ်ကောင်ကိုကြည့်တော့ ဟိုရှီ့အတွေးကိုထောက်ခံနေကြဟန်။ မကြာလိုက်ပါ သူ့ဘေးကနေ ဟိုရှီ့ဘေးမသိမသာရောက်သွားကြလေ၏။

"ရား..မင်းတို့.."

"လာပါဗျာ။ စာမေးပွဲမဖြေခင် စိတ်အပန်းဖြေသင့်တာပေါ့"

"ဘာကိုအပန်းဖြေ...။ ဟေ့ကောင်တွေ။ ဟေ့ကောင်..."

ဂျီဟွန်းက သူ့အကိုလက်ကိုအတင်းဆွဲ၍ ကော့ကော့ကော့ကော့လေးလျှောက်သွားရာ ၀န်ဝူးက ဂျောင်ဟန့်အိတ်ကို ယူထားသည်။ အရှေ့ဆုံးကဦး‌ေဆာင်သူမှာတော့ ဂွမ်ဟိုရှီဖြစ်၏။

.......

ကျောင်း၀တ်စုံနဲ့ ကာရာအိုကေရောက်သွားကြတဲ့သူတို့လေးယောက် ယခုတော့ စီနီယာချွဲဆွန်းချောရှေ့မှာ ကုတ်ကုတ်ကလေးတွေဖြစ်လို့နေသည်။ စီနီယာက သူတို့လေးယောက်ကို ပြစ္ဒဏ်ပေးဖို့စဉ်းစားနေပုံဖြင့်..

"ယွန်‌ဂျောင်ဟန်..."

"ဗျ..ဗျာ.."

"မင်းကအကြီးမဟုတ်ဘူးလား"

"တောင်းပန်ပါတယ်စီနီယာ..."

"ဟိုရှီ၊ဂျီဟွန်း၊၀န်ဝူး...မင်းတို့သုံးယောက်"

"ဟုတ်³"

"မင်းတို့စာမေးပွဲကို ပေါ့သေးသေးထင်နေတာလား"

"မဟုတ်ပါဘူး³"

ဘယ်လောက်တောင်ဆိုးတဲ့ကလေးတွေလဲ၊ ဒီနေ့မနက်ကျောင်းပျော်ပွဲစားနဲ့ပက်သက်ပြီး ပြောစရာရှိလို့ အတန်းတွေထဲလိုက်ကြည့်တော့ ယွန်ဂျောင်ဟန်ကပျောက်နေသည်လေ။ နေများမကောင်းတာလားလို့ သူ့မှာစိတ်ခုပြီး ဂျီဟွန်းဆီမေးဖို့လုပ်လိုက်တော့မှ သိရတာ အုပ်စုလိုက်ကျောင်းလစ်သည်ဆို‌တာပေ။ ဆွန်းချောမှာ သိသိချင်း ဆရာကိုခွင့်တောင်းပြီး လိုက်ရှာရတာ တွေ့မယ့်တွေ့တော့ ကစားကွင်းက ကာရာအိုကေမှာ အပြုံလိုက်လေး။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now