part_12

346 51 28
                                    

အပိုင်း_၁၂

....

ပြောင်းလဲသွားတဲ့ သူ့ပုံစံက ၀န်ဝူးကိုပါအနေခက်စေတာမို့ ဟိုရှီ အိမ်မှာဆို သတိထားနေရသည်။ ပုံမှန်အနေအေးတဲ့ ၀န်ဝူးထက်ပင် သူကစကားနည်းနေတော့ အခန်းဖော်သစ်များကလည်း သူ့ကိုဆို ရှိန်ကြသည်။ ‌
ကျောင်းမှာလည်း အရင်လို တက်တက်ကြွကြွမရှိတော့ပဲ စာကိုပဲ အပတ်တကုတ်ကြိုးစားနေတာမို့ ဆရာတွေမျက်စိကျကာ စံပြအဖြစ် ခိုင်းနှိုင်းလာကြသည်အထိပေ။

"ဟိုရှီရား..ငါနဲ့ ကန်တင်းသွားမလား"

"ငါစားပြီးပြီ "

စာအုပ်ကနေအကြည့်မခွာပဲ ပြောလာတဲ့သူ့ကို ၀န်ဝူးကခေါင်းခါလိုက်ပြီး တစ်ယောက်တည်း လေးတိလေးကန်ဖြင့် ကန်တင်းကိုရောက်လာရတော့သည်။ ပုံမှန်စားနေကျတွေကလည်း အရသာမပါ သူငယ်ချင်းသုံးယောက်လုံးကိုတစ်ချိန်တည်းဆုံးရှုံးလိုက်ရတော့ သူ့မှာ အရာရာအထီးကျန်မိပါသည်။သို့သော် ဂင်မင်ဂယူဆိုသော ခွေးပေါက်လေး သူ့အနားရောက်လာသည့်အချိန်မှာတော့ ဂျောင်၀န်ဝူး၏ နေ့ရက်တိုင်းမှာ ရာသီဉတုသာယာနေခဲ့၏။

......

*တီ.တီ.."

နှိုးစက်သံကြားတာနဲ့ မနက်အစောအခ‌ျိန်ပိုင်းအလုပ်သွားဖို့ ပြင်နေတဲ့ ဟိုရှီက ဝေဖာတစ်ခုကို ပါးစပ်ထဲကောက်ထည့်ပြီး မီးနင်းစာအုပ်ကြည့်လျှက် ထွက်လာခဲ့သည်။ သို့သော် လမ်းထိပ်ရောက်တော့ မြင်လိုက်ရတဲ့ လူရိပ်ကြောင့် သူအကြာကြီးရပ်နေလိုက်မိသည်။

လီဂျီဟွန်း... မနက်စောစော နှင်းတွေကြားမှာ ပါးလုံးနားလုံး‌ရဲနေတဲ့ အဖြူကောင်လေး။ ဒီကောင်လေးက ဒီနေရာမှာ ဘာလို့ရှိနေလဲ သူမသိချင်၊ သူသိချင်တာ ဘာလို့သူ့အပေါ် လုပ်ရက်တာလဲ။

သူ့ကိုတွေ့တာနဲ့ လမ်းလွှဲကသွားဖို့ နောက်ပြန်လှည့်လိုက်တဲ့ ဟိုရှီကို ဂျီဟွန်းက တွေ့သွားပြီး အနောက်ကပြေးလိုက်လာသည်။ နှင်းမိုးကြားထဲ ရပ်စောင့်နေမိတာမို့ သူ့နှုတ်ခမ်းတွေက အေး‌ခဲနေတော့ သူ့ဆီကပြေးထွက်သွားတဲ့ ဟိုရှီ့ကို အော်နေပေမယ့် အကျိုးမထူးခဲ့ပါ။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now