part_10

329 48 43
                                    

အပိုင်း_၁၀

......

နယ်ဖျားတစ်ခုကို လေ့လာရေးရောက်လာကြတာဖြစ်ပြီး တာ၀န်ကျဆရာများက ကိုယ့်အတန်းနဲ့ကိုယ် ထိန်းအုပ်ရသည်။ ငါးယောက်ကိုတစ်ဖွဲ့စုပြီး တောင်ထိပ်က သက်ဆိုင်ရာအလံကို ဦးဆုံးယူလာပေးတဲ့ အဖွဲ့ကအနိုင်ရမည်ဖြစ်တာကြောင့် လူအရင်ခွဲရသည်။
သုံးယောက်ဖြစ်နေတဲ့ ဂျီဟွန်းတို့အနား အခန်းထဲက အလှပဂေးနှစ်ယောက်က လာပူးပေါင်းခဲ့၏။

"ဟိုရှီရား..ငါ့အိတ်လေးကိုင်ပေးပါလား"

စမှတ်ကနေတောင် ရှေ့မရောက်သေးဘူး ပင်ပန်းပြနေတဲ့ ကောင်မလေးကို ဂျီဟွန်းက ကြည့်မရ။ အစောကလည်း ကိုယ့်ခေါင်းကိုယ်မနိုင်ပဲ ဟိုရှီပုခုံးပေါ်မှီအိပ်လာသေးတာလေ။ မိန်းမတွေ ပရိယာယ်များချက်ကတော့။

"အာ့..."

ဟော လာပြန်ပြီ‌ေနာက်တစ်ယောက်က ဒေါက်ဖိနပ်ကြီးစီးပြီး ခြေခွင်ကျနေတာ ၀န်ဝူး ပြန်ထူပေးနေရသည့်အဖြစ်။ ဂျီဟွန်းက အာရုံနောက်လာတာကြောင့် ကောင်မလေး‌နှစ်ယောက်ကို ကူတွဲပေးနေတဲ့ သူငယ်ချင်းနှစ်ယောက်အား အ‌ေနာက်မှာထားခဲ့ပြီး တစ်ယောက်တည်း ခြေသုတ်တင်ကာ အမြန်တက်လာလိုက်တော့သည်။ အလံတိုင်မြန်မြန်သွားယူပြီး မြန်မြန်ပြန်ဆင်းပြီး သူလည်းနားချင်နေပါပြီ။

"ဂျီဟွန်းနား..၀န်ဝူး ဂျီဟွန်းရော"

သူတို့သတိထားမိချိန် ဂျီဟွန်းဟာ လူရိပ်တောင်မမြင်ရ၊ မြင်ကွင်းမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ မိန်းကလေးနှစ်ဦးကလည်း အသံလေးစွာစွာဖြင့် ဂျီဟွန်းနာမည်ကို အော်ခေါ်လျှက် ရှာနေပေမယ့် အသံပြန်မပေးပုံထောက် လူကွဲပြီး ‌ရှေ့ရောက်သွားပြီထင်ပါ၏။

"အာ့..သေပါပြီ"

"အစောကတည်းကပြောတယ် အားကစားဖိနပ်လဲခဲ့ပါဆိုတာကို "

"မိန်းကလေးပဲဟဲ့ လှချင်တာပေါ့"

၀န်ဝူးနဲ့ သူငယ်ချင်းမ စကားပြောနေကြတုန်း ဟိုရှီက ဂျီဟွန်းအား ဖုန်းဆက်နေသည်။ လိုင်းမကောင်းလို့ ဖုန်းမ၀င်တော့ မျက်မှောင်ကျုတ်ကာ စုတ်သပ်လိုက်ရင်း

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now