part_13

267 42 14
                                    

အပိုင်း_၁၃

.....

စာသင်နှစ်ကုန်ဖို့က နှစ်ပါတ်ခန့်သာ ကျန်တော့သည်။ ကျောင်းသားတိုင်း သင်ရိုးကုန်အတန်းတက်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ရာ မည်သူမဆို ရုန်းကန်ကြိုးစားနေကြ၏။ စာကြည့်တိုက်တွေမှာ ကျောင်းသားတွေ ပြည့်နေတက်ပြီး ကျောင်းသားရှိတဲ့အိမ်ကမိဘတိုင်း မျက်နှာချိုသွေးကြသည့် အချိန်အခါလည်းဖြစ်သည်။

ထိုအထဲတွင် ဂျောင်၀န်ဝူးမိဘနှစ်ပါးနဲ့ ဟိုရှီ၏ အမေဖြစ်သူလည်း ပါ၀င်သည်။ အ‌ေဆာင်ကိုမနက်တိုင်းလာကာ နေ့စဉ်စားသောက်ဖို့ အာဟာရနဲ့အညီစီမံပေးရင်းမိဘ‌မတ္တာကို နွေးထွေးစွာဖော်ပြကြလေသည်။

"အိုမား သားကျောင်းသွားပြီ"

"ဟိုရှီရား ခဏလေး အိုမား ဂျင်ဆင်းပြုတ်ထည့်ပေးလိုက်မယ်။ ကျောင်းရောက်ရင် သောက်လိုက်ဦးနော်"

"ဟုတ်ကဲ့ပါ.."

၀န်ဝူးအမေသည်လည်း ထို့နည်းတူစွာ ဂျင်ဆင်းပြုတ်နဲ့ နေ့လည်စာ ကြက်ပေါင်းဟင်းရည်ကို ပူပူနွေးနွေး ထည့်ပေးလိုက်ရှာ၏။

ထမင်းထုတ်ကိုယ်စီနဲ့ ဟိုရှီတို့နှစ်ဦး ကျောင်းလာတော့ လမ်းတစ်၀က်မှာ ကားစောင့်ရင်း အချိန်စောသေးတာ တွေ့ရသည်။

"၀န်ဝူး မင်း၀ယ်စရာရှိသေးလား"

"အွန်း မင်းရောလား"

"ငါတို့ စာရေးကိရိယာဆိုင် ၀င်ပြီးမှ ကျောင်းသွားကြမလား"

"ကောင်းသားပဲ"

အတွေးတူစွာ နှစ်ဦးသား စာရေးကိရိယာဆိုင်‌ေရာက်သွားတော့ ၀န်ဝူးက ဘောပင်ရွေးတာကြာနေပြီး ဟိုရှီက ၀ယ်စရာရှိတာအမြန်၀ယ်၍ အပြင်ကစောင့်နေသည်။ ထိုအချိန် ဟူဒီခေါင်းစွပ်နဲ့ ဂီတာလွယ်ထားတဲ့လူတစ်ယောက် သူ့ပုခုံးကိုတိုက်သွားတော့ လှည့်ကြည့်ချိန် ထိုလူက ခေါင်းငုံ့လျှက်ပဲတောင်းပန်သည်။

"‌sorryပါ..."

"လီဂျီဟွန်း?."

သူခေါ်လိုက်မှ ဆိုင်၀မှာရပ်သွားတဲ့ ဂျီဟွန်းက ပြန်လှည့်ကြည့်သည်။ ကျောင်း၀တ်စုံလည်းမပါ အပြုံးအရယ်မရှိ နွမ်းနယ်နေပုံပေါက်တဲ့ဂျီဟွန်းက သူ့ကိုလှည့်ကြည့်ပြီး ဘာမှမပြောတော့ ဟိုရှီရှေ့တိုးသွားလိုက်ကာ ဂျီဟွန်းလွယ်ထားတဲ့ဂီတာကို ကြည့်လိုက်သည်။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now