part_8

341 54 60
                                    

အပိုင်း_၈

......

ဖြစ်ကြောင်းကုန်စင်သိရပြီးနောက် ဂျောင်ဟန်အခုမှ သက်ပြင်းချနိုင်သည်။ သူဘယ်လိုတောင်တွေးလိုက်မိတာပါလိမ့်။
သို့သော် သူ့ဒုက္ခနဲ့သူ စောင့်တက်သွားတဲ့ ဇာတ်ကြောကို အနောက်ကဝန်ဝူးကပြန်ဆွဲချပေးနေရပြီး သူကတော့ ရှူဆေးဗူးကိုနှာခေါင်းမှာတေ့ထားရသည်။

"အဲ့တော့ ဂျီဟွန်းလက်ဓါးရှတာကို မင်းက‌ကြည့်ပေးနေတာပေါ့.."

"ဟုတ်ပါတယ်ဆို ဒီမှာကြည့်.."

ဂျီဟွန်းလက်သန်းကြွယ်ကိုဆွဲယူပြီး သူ့မျက်နှာရှေ့အင့်ကနဲ ထိုးပေးလိုက်တာကြောင့် နှာခေါင်းထဲ၀င်သွားမှာတောင်ကြောက်ရသည်။ ဂွမ်ဟိုရှီလုပ်ပုံ။

ဂျောင်ဟန်ကြည့်လိုက်တော့ အပ်ပေါက်စာလောက်သာရှိတဲ့ရှရာကို တစ်ယောက်ကလည်းအသည်းအသန် ၊ တစ်ယောက်ကလည်း နှာသီးလုံးရဲအောင် မျက်ရည်ကျ နာပြနေ၏။

"ငါစိတ်ကုန်တယ်သိလား။ ကျေးဇူးပြုပြီး မင်းတို့သာမာန်ကျကျနေထိုင်လို့မရဘူးလား"

"သာမာန်မနေတော့ ကင်းကောင်လိုအမြှီးထောင်သွားနေတာလည်းမဟုတ်ပဲ"

လီဂျီဟွန်း၏ ခပ်တိုးတိုးအတွန့်တတ်မှုကြောင့် ကြားလိုက်တဲ့ဟိုရှီက ရယ်နေပြီး ဂျောင်ဟန်ကတော့ စိတ်ကုန်တာမို့ နှစ်ယောက်လုံးကို လူစုခွဲပြီး မောင်းထုတ်လိုက်‌ေတာ့သည်။

.....

ယွန်ဂျောင်ဟန်ကတော့ယွန်ဂျောင်ဟန်ပါပဲ။ မနေ့ညကအကြောင်းစုံသိပြီးတာတောင် ဒီနေ့သူနဲ့ဂျီဟွန်းကို ကျောင်းအတူတူသွားခွင့်မပေး။

"ဂျီဟွန်းကငါနဲ့သွားမှာ။ မင်းက ၀န်ဝူးနဲ့ လိုက်ခဲ့"

အဲ့လိုကို ယုတ်မာတာလေ။ ဒါနဲ့ပဲ ဟိုရှီတစ်ယောက် စိတ်မပါလက်မပါနဲ့ ကျောင်းလိုက်ခဲ့ရပြီး အခန်းထဲရောက်မှ ဂျီဟွန်းကိုစကားသွားပြောဖို့ တေးထားလိုက်သည်။

"ဂျောင်၀န်ဝူး..ဆရာခေါ်နေတယ်"

ကိုယ်ပိုင်စာကြည့်ချိန်မှာ အတန်းခေါင်းဆောင်ပြောလိုက်တာကြောင့် အားလုံးအကြည့်က ၀န်ဝူးဆီမှာ ကျရောက်လာသည်။ ခေါင်းငြိမ့်ပြီး ဆရာ့ရုံးခန်းကို ထွက်လာခဲ့တော့ ‌အနောက်မှာ ကျားပြုံးပြုံးပြီးကျန်ခဲ့တဲ့ကောင်ကို သူမသိလိုက်ပေ။

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now