"ငါတို့ တွဲကြရအောင်..."မျှော်လင့်ချက်တို့ဖြင့် တလက်လက်တောတ်ပနေသည့် ဗာဒံစေ့လို မျက်ဝန်းတွေကို မြတ်နိုးစွာကြည့်လိုက်မိသည်...။
စိုစွတ်နီမြန်းနေခဲ့သည့် သူ့နှုတ်ခမ်းလွှာတွေ၊လုံးဝန်းသောနှာတံထိပ်ဖျားလေး၊ ထူထူထဲထဲသူ့မျက်ခုံးတွေ စသည့်ဖြင့် အရာအားလုံးဟာ ခပ်ဖျော့ဖျော့လရောင်အောက်မှာ ထင်ရှားပြတ်သားလွန်းနေခဲ့သည်...။
တဖတ်သတ် သဘောကျနေခဲ့ရသူထံမှ ထိုစကားကြားရတာလောက် ကံကောင်းတာမျိုးရှိနိုင်ပါ့မလားလေ...။
သူကမ်းပေးထားသည့် လက်တစ်ဖက်ဆီကို လက်ကလေးကိုထည့်ပေးရင်း ခေါင်းညိတ်လိုက်မိသည်...။
"ဒါကလက်ခံလိုက်တာပေါ့ ဟုတ်လား..."
နှုတ်ခမ်းတွေကိုစေ့ပြီးမှ ပြုံးသည့်သူ့အပြုံးဟာ အာရာအားလုံးထက် ခမ်းနားနေခဲ့သည်...။
ညာဘက်မျက်လုံးအနီးမှ မှဲ့နက်ကလေးတွေပါ ထခုန်လိုက်သလိုမျိုး...။
"ဟေး..."
အေးသွားရသည့်လက်ဖျားတွေကို ဖိဆုပ်ပစ်လိုက်ရင်း သူ့နှုတ်ခမ်းတွေကို ထိကပ်လိုက်မိသည့်အခါ သူ့မျက်တောင်ထူထူတွေမှေးမှိတ်သွားခဲ့သည်...။
မချင့်မရဲထွေးပွေ့မှုဟာ ခါးဆီသို့ရောက်လာခဲ့ပြီး ခဏအတွင်းမှာ အနမ်းတွေကို ဦးဆောင်သူဟာ သူဖြစ်သွားခဲ့သည်...။
နူးညံ့သည်ဟုထင်ရသော်လည်း နှုတ်ခမ်းလွှာတွေကို ညင်သာစွာစုပ်ယူနမ်းရှိုက်နေသည့် သူ့ကျွမ်းကျင်မှုက ဆွဲဆောင်နိုင်လွန်းသည်...။
ဘယ်တော့မှမပြီးဆုံးချင်သော...၊ထာဝရရပ်တန့်ထားချင်ခဲ့သော အခိုက်အတန့်တွေဖြစ်၏...။
သို့သော် အရာရာဟာ ကံကြမ္မာ၏ လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း မသိရသေးခင်အချိန်ထိ မိုးမမြင်လေမမြင်ပျော်ရွှင်ခဲ့ရဖူးပါသည်...။
------------------------------
//ရှောင်ဟွမ် မင်းဘယ်မှာလဲ... ကိုယ်အရမ်းစိတ်ပူနေပြီ... မင်းဘယ်မှာရှိနေလဲပြောပါ...//
ခဏခဏမြည်နေသောဖုန်းကို သီးမခံနိုင်တော့တာကြောင့်စက်ပိတ်ရန်ကိုင်လိုက်စဥ်မှာ noti barမှာ ဝင်လာသော messageကို ဖတ်လိုက်ရသည်...။