//ဟိုင်း...ဟွမ်ကျွင့်ကျယ်ပါ...ငါတို့projectအတူတူလုပ်ရမယ်ဆိုလို့လေ//
လှပသောတောင်တန်းတွေကို နောက်ခံထားကာ လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းထားပြီး ပြုံးရယ်နေသည့် profile မှာ သူက အပူပင်ကင်းစင်စွာ လွတ်လပ်ပေါ့ပါးလွန်းနေသည်...။
//အင်း...//
Typing ဟူသော စာသားကိုကြည့်ရင်း အသက်ရှုအောင့်ထားလိုက်မိသည်...။
//အဲ့တာ ငါဘာလုပ်ပေးရမလဲဟင်...//
Tying ကအကြာကြီးပေါ်နေသော်လည်း ရောက်လာသော စာကတော့ အနည်းငယ်သာဖြစ်သည်...။
//တွေ့ပြီးပြောမှရမှာပေါ့ မနက်ဖြန်မင်းကျောင်းမလာဘူးလား...//
//ဟိုလေ ပြောရမှာအားတော့နာပါတယ်...ငါအခု အပြင်ထွက်လို့မရသေးလို့ မင်းငါ့အိမ်ကို လာခဲ့ပေးလို့ရမလားဟင်... တောင်းဆိုပါတယ်...//
သုံးရက်လုံးလုံးကျောင်းမှာပေါ်မလာတာကို ကြည့်ခြင်းအားဖြင့် တစ်ခုခုဖြစ်နေနိုင်တာကို တွေးမိသွားတာကြောင့် လက်ခံလိုက်ရသည်...။
//လိပ်စာပို့ထားလေ...//
-------------------------------
ပို့ထားသည့်လိပ်စာကို ပြန်စစ်ပြီး အတွင်းဘက်ကိုမမြင်နိုင်အောင် ကာရံထားသော အုတ်တံတိုင်းအမြင့်ကြီးကို မျှော်ကြည့်ပြီး ဘဲလ်တီးလိုက်သည်...။
အော်တိုပွင့်သွားသော တံခါးဆီမှဝင်လိုက်သည်နှင့် လူချမ်းသာတို့၏ဇိမ်ခံအဆောက်အဦးပီသစွာ သီးခြားကမ္ဘာတစ်ခုထဲကို ရောက်သွားသလို ခံစားရစေသည်...။
စိမ်းစိုနေသော သစ်ပင်တွေများစွာရှိနေသော ခြံတစ်ခုလုံးက စိတ်ကိုအေးချမ်းသွားစေသည်...။
“နောက်ကလိုက်ခဲ့ပါခင်ဗျာ...”
ရှေ့မှလမ်းပြသူဆီလိုက်လာခဲ့တော့ အိမ်မကြီးနှင့်ကွဲထွက်သွားသော ခြံ၏ဘေးဘက်ရှိ နေရာတစ်ခုဆီသို့ဖြစ်သည်...။
“ရောက်လာပြီလား... ဒီကိုလာ..."
အပြုံးတွေလန်းဆန်းနေသော်လည်း ဖျော့တော့နေသည့်မျက်နှာက သိသာစွာ ချောင်ကျသွားခဲ့သည်...။