အနည်းငယ်ရှည်လျားသော သက်ပြင်းမောတစ်ခုကိုချပြီးမှ လင်းဟယ်က ခေါင်းညိတ်သည်...။တစ်ချို့စကားတွေဟာ ထုတ်ပြောစရာမလိုအောင် အချင်းချင်းသိနားလည်နေကြပြီးသား ဖြစ်လေသည်...။
“မင်း သူ့ကိုဖွင့်ပြောမလို့လားလင်းဟယ်...”
ငြင်းဆန်လိုဟန်မရှိသော အကြည့်တွေကို လက်ခံရရှိလိုက်သည်...။
“ဟုတ်ပေမယ့် အခုတော့ မင်းကြောင့်ပျက်စီးသွားရပြီ...”
စိတ်ပျက်အားလျော့သွားသော လေသံကိုခံစားမိသည်...။
“...”
“ဒါပေမယ့် ဘာဖြစ်လဲ နောက်တစ်ကြိမ်ထပ်ပြီးကြိုးစားရမှာပေါ့...”
မျက်လုံးချင်းဆုံကာပြုံးပြလာသည့်အပြုံးတို့က မရိုးရှင်းနိုင်ပေ...။
“...”
စကားလုံးတို့ကိုထုတ်ပြောရန် သင့်တော်ရဲ့လားတွေးကာ တိတ်ဆိတ်နေမိသော်လည်း လင်းဟယ်ကမေးငေါ့ပြကာ 'မင်းဘာပြောချင်တာလဲ' ဟုမေးလာသည်...။
“မလုပ်နဲ့ လင်းဟယ်...”
“...ဘာ...”
“ဖွင့်မပြောပါနဲ့...”
“ကျွတ်...”
စိတ်လှုပ်ရှားသွားသလိုဖြင့် လင်းဟယ်က လက်သီးကိုဆုပ်ပစ်လေသည်...။
“မင်းက ဘာအကြောင်းပြချက်နဲ့တားမှာလဲ...”
တင်းမာနေသည့်မျက်နှာနှင့် အေးစက်စက်စကားသံ...။
“မလုပ်သင့်ဘူးမဟုတ်လားကွာ... ရှင်းချီဘက်ကိုလည်း မင်းတွေးပေးရမယ်...”
“ဟ...မင်းပြောတဲ့အဓိပ္ပါယ်က မဖြစ်မနေတွေးပေးရမယ်ဆိုတဲ့သဘောကြီးပါလား...”
“...”
“ငါ့အနေနဲ့အခုချိန်ထိ ရှင်းချီအပေါ်မှာ ငယ်သူငယ်ချင်းသံယောဇဉ်ကလွဲပြီး ဘာခံစားချက်မှမရှိဖူးဘူး ကျစ်ကွမ်း... မိဘတွေသဘောတူထားတယ်ဆိုတာက သူတို့ကိစ္စ ငါ့အနေနဲ့ သူ့ကိုလက်ထပ်ပါ့မယ်လို့ တစ်ခါမှငါကတိမပေးဖူးဘူး... အဲ့တာကို မင်းလည်းသိတယ်မဟုတ်လား...”
“မဟုတ်သေးဘူး လင်းဟယ် ဘာပဲဖြစ်ဖြစ် မင်းတစ်ဖက်ကို အပြီးပြတ်မရှင်းရသေးပဲနဲ့တော့ ဟွမ်ကျွင့်ကျယ်ကို ဖွင့်မပြောသင့်ဘူးလေ...”