"ရှောင်ဟွမ်..."
"အော် လင်းဟယ်..."
အချိန်အတော်ကြာဥပေက္ခာပြုထားမိတာကြောင့် အားနာနေသည့်စိတ်က လူကိုနေရထိုင်ရကြပ်စေသည်...။
ခပ်ယဲ့ယဲ့အပြုံးတစ်ခုဆင်မြန်းကာ လင်းဟယ်ကအနားရောက်လာခဲ့သည်...။
"တစ်ယောက်တည်းလား..."
ဘေးဘီဝဲယာကိုကြည့်ရင်းပြောနေသည့် လင်းဟယ်ကလည်း လက်ရှိအခြေအနေကိုရိပ်စားမိဟန်တူသည်...။
"ကားပါကင်နေရာကြပ်နေလို့လေ ငါကသန့်စင်ခန်းသွားချင်နေတာနဲ့အရင်လာလိုက်တာ..."
"အော်..."
နှစ်ယောက်ကြားမှာ ပြောစရာမရှိသလိုတိတ်ဆိတ်သွားကြချိန်မှာ လင်းဟယ်မျက်နှာကိုကြည့်လိုက်မိသည်...။
အရင်လိုရွှင်လန်းမနေသော လင်းဟယ်ကြောင့် အပြစ်မကင်းသလို ခံစားလိုက်ရပြီး သက်ပြင်းမောကို ကြိတ်ချလိုက်မိသည်...။
"ကျွင့်ကျယ်... ရေခဲမုန့်စားမလား..."
"အမ် အင်း..."
သေသေချာချာနားမထောင်မိလိုက်ချိန်မှာ ယောင်နနခေါင်းညိတ်လိုက်တာဖြစ်ပြီး သတိရချိန်မှာ တားရန်ပြင်လိုက်သော်လည်း လင်းဟယ်ကထွက်သွားလေပြီ...။
နာရီကိုတစ်ချက်ကြည့်ရင်း ရှကျစ်ကွမ်းအမြန်ရောက်လာစေဖို့ စိတ်ရောက်နေသော်လည်း ဒီနေ့ကျမှ သူကကြာနေခဲ့သည်...။
ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်တာကြောင့် ကိစ္စမျိုးစုံနှင့်လူတွေများနေကြတာကြောင့် ကားပါကင်ထိုးရန်နေရာအခက်အခဲရှိနေတာ ဖြစ်နိုင်သည်...။
"ရော့..."
လက်ထဲရောက်လာသော ရေခဲမုန့်ကိုလှမ်းယူလိုက်ပြီး လင်းဟယ်ကိုအပြုံးတစ်ခုဖြင့် ကျေးဇူးတင်စကားပြောလိုက်ရသည်...။
အိပ်ရာကနိုးထဲကဘာမှမစားရသေးတာကြောင့် ရေခဲမုန့်ကိုလည်း စားချင်စိတ်မရှိ၊ ဒီတိုင်းသာကိုင်ထားလိုက်သည်...။
"အဆင်ပြေတယ်မဟုတ်လား..."
"အင်း...ပြေပါတယ်..."
အ လာပ၊ သ လာပစကားဖြစ်နိုင်သော်လည်း လင်းဟယ်က မျက်လုံးတွေထဲထိစိုက်ကြည့်ကာ စိတ်ကိုဖတ်နေခဲ့သည်...။