"ရှောင်ဟွမ်..."
ရှတတအသံနှင့်အတူ အေးစက်နေသော သူ့လက်နှစ်ဖက်က လက်မောင်းကိုဆုပ်ကိုင်လာတာကြောင့် စိမ်းသက်သက်အထိအတွေ့ကြောင့် အလန့်တကြားဖြင့် ခန္ဓာကိုယ်ကတွန့်သွားရသည်...။
"ဆောရီး..."
မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်နေမိတော့ သူ့ဆီမှသက်ပြင်းချသံတိုးတိုးကိုကြားနေရသည်...။
"အရမ်း ကတိုက်ကရိုက်ဆန်သွားပေမယ့် ဒီအခြေအနေကို မင်းလဲကြိုတင်ခန့်မှန်းထားပြီးသားမဟုတ်လား..."
"ဒါပေမယ့် အခုအနေအထားက..."
"ဟုတ်တယ် ငါမင်းကိုဘယ်လိုမှအဆုံးရှုံးမခံနိုင်တော့လို့ အခုလိုဖွင့်ပြောလိုက်ရတာ..."
"လင်းဟယ်ကြောင့်လား..."
အံ့ဩရိပ်တွေသူ့မျက်နှာမှာဖြတ်ပြေးသွားသော်လည်း ချက်ချင်းခေါင်းညိတ်သည်...။
"အဲ့တာက မင်းစိုးရိမ်စရာမှမလိုတာ..."
"ငါသိပါတယ် ဒါပေမယ့်စိုးရိမ်တာပဲလေ ငါကမင်းကိုတရားဝင်ဖွင့်ပြောရသေးတာမဟုတ်တော့..."
အနားထိတိုးကပ်သွားလိုက်စဉ်မှာ သူ့စကားသံတွေရပ်တန့်သွားခဲ့သည်...။
ဝိုင်းဝန်းသောမျက်လုံးတွေထဲမှာ ရှိနေသည့် တဖိတ်ဖိတ်လက်နေသည့် ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်ဖြစ်နိုင်ပါရဲ့...။
ကမ်းပေးလိုက်မိသည့်လက်ဖျားလေးကို ညှင်သာစွာဆုပ်ကိုင်လာခဲ့သည်...။
ထို့နောက်လူတစ်ကိုယ်လုံးကိုသူ့ရင်ခွင်ထဲပွေ့ပိုက်ထားလိုက်ပြီး သူ့ထွက်သက်နွေးနွေးတွေက နားရွက်နားမှာဝေ့ဝိုက်နေခဲ့သည်...။
တစ်ယောက်၏နှလုံးခုန်သံကိုတစ်ယောက်က ကြားရသည်အထိ အခန်းဟာတိတ်ဆိတ်နေခဲ့ပြီး ထိုအနေအထားအတိုင်း အတော်ကြာငြိမ်သက်နေခဲ့ကြလေသည်...။
------------------------------------
"ရှောင်ဟွမ် ထတော့ မနက်စာစားရအောင်..."
"အင်..."
မျက်လုံးဖွင့်လိုက်သည်နှင့်သူ့ကိုမြင်ရသည်မှာ အိပ်မက်တစ်ခုလိုပင်...။