"ဒီနေ့မီနူးကဘာတဲ့လဲ..."
"ဟင်..."
သူမေးလိုက်သည့်မေးခွန်းကိုဖြေရန်ပြင်နေစဉ်မှာ မမျှော်လင့်ထားသည့်လူကိုတွေ့လိုက်ရတာကြောင့် အလွန်ပင်အံ့ဩသွားရသည်...။
"မင်္ဂလာပါ ရှကျစ်ကွမ်း..."
ရွှေညိုရောင်ဆံနွယ်လေးတွေဝဲဖြာသွားအောင် ခေါင်းလေးကိုလှုပ်ကာ ပြုံးပြနေသည့် သူမဟာ 'ရှင်းချီ'...။
ပြုံးနေသော်လည်း တစ်ဖက်ကိုအကဲခတ်နေသည့် သူမအကြည့်တွေက ဟွမ်ကျွင့်ကျယ်ကိုယ်ပေါ်မှာရှိနေသည်...။
"နေ့လည်စာကိုမင်းတစ်ယောက်တည်းစားလို့ရတယ်မဟုတ်လား..."
"အော် အင်း..."
ဆိုလိုရင်းကိုသဘောပေါက်ကာ အမေးစကားမဆို၊ ချက်ချင်းထွက်ခွာသွားသည့်ကျောပြင်ကိုကြည့်ပြီး စိတ်ကမအေးနိုင်ဖြစ်ရသည်...။
"ရှောင်ဟွမ်..."
"အင်..."
"သေချာစားခဲ့လို့ပြောမလို့..."
လက်ကိုနောက်ပြန်တာ့တာပြနေသည့် ပုံရိပ်ကိုမျက်စိတဆုံးလိုက်ကြည့်နေပြီးမှ ရှင်းချီ နှင့်မျက်နှာချင်းဆိုင်လိုက်သည်...။
"သူကဟွမ်ကျွင့်ကျယ်လား..."
"အင်း..."
"ကြားထားတဲ့သတင်းတွေကို အပိုတွေလို့ထင်ထားခဲ့တာ ခုတွေ့လိုက်ရတော့နားလည်သွားပြီ..."
"လင်းဟယ်နဲ့ရောတွေ့ပြီးပြီလား..."
"ငါဒီနေ့လာတာ သူနဲ့တွေ့ဖို့မဟုတ်ဘူး..."
"အော်..."
"ဒါနဲ့....နင်...ငါဖုန်းတွေဆက်ထားတာကိုမကိုင်ဘူးနော်..."
"အာ...အဲ့တာက ငါပြန်ခေါ်မယ်ဆိုပြီးတော့ မေ့နေတာ..."
"ဟုတ်လို့လား..."
သူမ မယုံကြည်တာကို သိသော်လည်း ဖြေရှင်းချက်မပေးချင်...။
"အဲ့လိုပြောကြကြေးဆိုရင် နင်ကရော နင်လိုအပ်တာရှိမှငါ့ဆီကိုဖုန်းဆက်တာမဟုတ်ဘူး..."
အတူတူလျှောက်နေရာကနေ ရပ်ချလိုက်ခြင်းအားဖြင့် စွပ်စွဲချက်ဟာ မှန်သွားပုံရသည်...။