“ဝုန်း...”
အခန်းတံခါးကို တွန်းပစ်လိုက်သည့်အသံကြောင့် မော့ကြည့်လိုက်မိသည်...။
“ခွပ်...”
“ဝုန်း...”
မျက်လုံးထဲမှာပြာဝေသွားရပြီး ကိုယ့်ကိုကိုယ်ဘယ်လိုမှ မထိန်းလိုက်နိုင်၊ ခုတင်ဘေးကြမ်းပြင်ပေါ်အထိ လဲကျသွားခဲ့ရသည်...။
“မင်းဘာလုပ်တာလဲ...”
နှုတ်ခမ်းထောင့်ကသွေးစကို သုပ်ကာ ကြည့်လိုက်တော့ နီရဲနေသည့်ရှကျစ်ကွမ်းမျက်နှာကိုမြင်လိုက်ရသည်..။
“မင်းတို့ဘာလုပ်နေကြတာလဲ...”
“ဘာ...”
လက်မှာပါလာသည့်သွေးစကိုကြည့်ပြီး အရာရာကိုသဘောပေါက်သွားရသည်...။
မီးဝင်းဝင်းတောတ်နေသည့် ရှကျစ်ကွမ်းမျက်လုံးတွေက လူကိုဝါးစားတော့မလိုပင်...။
“အပြင်မှာပြောရအောင်...”
တင်းကျပ်စွာဆုပ်ညှစ်ထားသည့် ရှကျစ်ကွမ်း၏ လက်သီးကိုကြည့်ရင်း မခံချင်စိတ်တို့ကနိုးထလာခဲ့သည်...။
“မင်းကရှောင်ဟွမ့်ကိုတကယ်ချစ်တာရော ဟုတ်ရဲ့လား...”
“ဘာ...”
မေးခွန်းကိုနားလည်ပုံမရ ခပ်စူးစူးအကြည့်နှင့်အတူ မျက်မှောင်ကိုစုကြုတ်ထားလေသည်...။
“ငါဖုန်းတွေဒီလောက်ခေါ်ထားတာ မင်းတို့ ဘာလို့မကိုင်ကြတာလဲ...”
ပြုံးလိုက်မိတော့ ရှကျစ်ကွမ်းအံကြိတ်လိုက်တာကို မြင်လိုက်ရသည်...။
“အသံပိတ်ထားတယ်ထင်တယ် မသိလိုက်ဘူး...”
စိတ်ပျက်လက်ပျက်ပြောလိုက်မိသည်...။
“ဒီအခြေအနေကို တစ်ခုခုရှင်းပြသင့်တယ်မဟုတ်လား လင်းဟယ်...”
“မင်းသူ့ကိုတကယ်ကောချစ်ရဲ့လား ရှကျစ်ကွမ်း...”
“ဘာ...”
“ဟက်... တစ်နေကုန်နီးပါးအဆက်သွယ်ပြတ်နေတဲ့မင်းရဲ့ချစ်သူက ခုတင်ပေါ်မှာမလှုပ်မယှက်ရှိနေခဲ့တာကို မင်းပါးစပ်ကနေ အခုချိန်ထိ သူဘာဖြစ်နေတာလဲဆိုတာ တစ်ခွန်းမှ မမေးရသေးဘူးနော်...”