အပြာနုရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားသောဟွမ်ကျွင့်ကျယ်၏ ပုံရိပ်ကိုမြင်လိုက်ရသောအခါ အလိုလိုပြုံးလိုက်မိသည်...။ဖုန်းမျက်နှာပြင်ကိုငုံ့ကြည့်နေသူကမျက်တောင်ဖျားတွေကို စိုက်ချထားပြီးအနည်းငယ်ရှည်ချင်နေသည် အညိုရောင်လုနေသည့်ဆံပင်ခွေခွေတွေက နဖူးပြင်ကိုကျော်ကာ မျက်လုံးနားထိပင်ရောက်လုနေလေပြီ...။
အမြဲတစေနီမြန်းနေတတ်သည့်နှုတ်ခမ်းပါးလေးဟာ စာမေးပွဲကြောင့်ပင်ပန်းနေကြောင်းပေါ်လွင်စေကာ ဖျော့တော့နေကြသည်...။
ရှည်လွန်းသော အင်္ကျီလက်ဖျားကြောင့် လက်ချောင်းတွေကိုတော့ အပြည့်အဝမမြင်ရပေ...။
ငေးကြည့်နေစဉ်မှာ သူက ခေါင်းကိုငုံ့ကာဖုန်းကိုအနီးကပ်ကြည့်ပြီးနောက် အဝင်ဝကိုမျှော်ကြည့်လာသည်...။
အကြည့်ချင်းဆုံသွားသည့်အခါ နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တတ်သွားကာ ပါးပြင်တွေပါဖောင်းတက်သွားအောင်ပြုံးပြလာသည်...။
သူရှိနေရာဆီလျှောက်ဝင်လာသည့်တစ်လျှောက်လုံးကို လက်နှစ်ဖက်ကို ပါးပြင်မှာထောက်ထားကာ ငေးမောကြည့်နေခဲ့သည်...။
“စိတ်မရှုပ်ဘူးလားကွာ...”
သူ့ရှေ့စားပွဲပေါ်မှာတင်ပါးလွှဲထိုင်လိုက်ရင်းမျက်စိထဲရှုပ်နေသည့် သူ့အင်္ကျီလက်ဖျားတွေကိုလက်ကောက်ဝတ်လေးပေါ်သည်အထိ ခေါက်တင်ထားပေးလိုက်သည်...။
“နည်းနည်းအေးနေလို့...”
“အခုမလိုတော့ဘူးလေ...”
အေးစက်နေသည့် လက်ဖျားတွေကိုဆုပ်ကိုင်ပေးရင်း ပြောလိုက်သည့်အခါ သဘောတကျပြုံးနေသည့် ဟွမ်ကျွင့်ကျယ်အပြုံးတွေကို ကြည့်ငေးရင်း တသိမ့်သိမ့်ကြည်နူးလာရသည်...။
“ဒီလိုskillနဲ့ဘယ်နှယောက်လောက်ကိုများ ချုပ်ခဲ့မလဲမသိနော်...”
'မင်းတစ်ယောက်တည်းကိုပါ' ဟူသော စကားကိုမပြောချင်၊ ထိုင်နေသည့်ဟွမ်ကျွင့်ကျယ်၏ နဖူးပြင်ကို နဖူးဖြင့်ထိကပ်လိုက်မိသည်...။
အလန့်တကြားဖြင့် ကျယ်သွားသောမျက်ဝန်းအိမ်လေးက အပေါ်ထိပါလာသည်...။