**ကျွင့်ကျယ် ငါပြန်ရောက်နေပြီ တွေ့လို့ရမလား...**လင်းဟယ်ပို့လိုက်သော Message ကို seen ပြလိုက်ဖို့ရာ လက်တွန့်နေတာကြောင့် လစ်လျှူရှုရင်း ဖုန်းကိုအိတ်ထဲထိုးထည့်လိုက်မိသည်...။
"...လမ်းကနေရာကိုတော့ သဘောကျတယ် ရှောင်ဟွမ့်သဘောကရော..."
"..."
တစ်ခုခုကိုတွေးနေသလို ငြိမ်နေသူကြောင့်...
"ရှောင်ဟွမ်..."
"ဟင်..."
"ပင်ပန်းနေပြီလား..."
မနက်ဆယ်နာရီထဲက ခေါ်ထုတ်လာတာ ညနေ၃နာရီကျော်မှ စိတ်တိုင်းကျသည့်နေရာကို ရှာတွေ့တာဖြစ်တာကြောင့် မေးလိုက်မိသည်...။
"ဟင် မဟုတ်ပါဘူး..."
အပြုံးတစ်ခုဖြင့်ဆိုလာလေမှ စိတ်အေးသွားရသည်...။
"ဒီနေရာကိုပြောတာလား..."
သူ့ဖုန်းဖြင့်ရိုက်ကူးထားသော ပုံတွေကိုထုတ်ပြကာ ပြောလာလေသည်...။
"အင်း...ဟုတ်တယ် မင်းရောသဘောကျလား..."
"သဘောကျတယ် မင်းစိတ်ကြိုက် သေချာဖန်တီးပြုပြင်လိုက်မယ်ဆိုရင် အဆင်ပြေမယ့်နေရာတစ်ခုဖြစ်လာမှာပါ..."
"အင်း... အတွင်းပိုင်းဒီဇိုင်းကို ကိုယ်ရှာကြည့်ထားတဲ့ပုံတွေထဲကနေ ရွေးပေးဦးလေ..."
"အေးချမ်းတဲ့ vibeမျိုးပေးတဲ့ဒီဇိုင်းဆိုရင်အဆင်ပြေမယ်ထင်တယ်..."
"မင်းနဲ့တူတဲ့အငွေ့အသက်မျိူးပေါ့..."
"ဟင်..."
နားမလည်သလိုကြည့်လာပြီးမှ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးညွှတ်သွားရုံ ယောင်ယောင်လေးပြုံးလေသည်...။
"အဲ့လိုပုံစံမျိုးထဲကပဲရှာလိုက်မယ်..."
ကားရှုပ်နေသည့်နေရာဖြစ်တာကြောင့် စကားထပ်မဆိုဖြစ်တော့ပေ...။
တရားဝင်ချစ်သူဖြစ်ပြီးနောက်နေ့မှာတင် မွေးရပ်မြေသို့ပြန်သွားခဲ့ပြီး ကားယူလာခဲ့ကာ ကျောင်းမဖွင့်ခင်မှာ ကနဦးရည်ရွယ်ချက်ဖြစ်သော ကဖီးအသေးစားလေးတစ်ခုကိုဖွင့်ရန်ကြိုးပမ်းနေတာဖြစ်သည်...။