- Intro -

2.5K 174 9
                                    


"" ကောက်ရိုးမီးလိုပေါ့ ခပ်မြန်မြန်မီးဟုန်းဟုန်းတောက်ပြီးတစ်ယောက်ကိုတစ်ယောက်သဘောကျခဲ့ကြပေမဲ့ခပ်မြန်မြန်ပဲမီးငြိမ်းသွားခဲ့တယ် ""

"" အချိန်တွေကြာသွားပြီဆိုပေမဲ့ အဲ့ဒီနေ့က ရုတ်တရက်ကြီးအေးစက်သွားတဲ့သူ့ပုံစံကိုပြန်တွေးမိတိုင်း ကျွန်တော့်ရင်ထဲမှာသေလောက်အောင်နာကျင်ရတယ် ""

"" ကျွန်တော့်ဘဝရဲ့အရာရာဖြစ်ခဲ့တာလေ
သူကတော့မသိနိုင်လောက်ပေမဲ့... ""

"" ပြန်မချစ်ပေးနိုင်ခဲ့တဲ့အတွက်တကယ်ကိုအားနာခဲ့ရပါတယ် ဒီမှာနေရင်းနဲ့ကျွန်တော့်လိုမဟုတ်တဲ့တခြားတစ်ယောက်နဲ့အဆင်ပြေသွားရင်ကောင်းမယ် ""

"" ဘယ်လိုပဲတွေးတွေးသူ့ကိုမေ့ပစ်လိုက်ဖို့ဆိုတာကမဖြစ်နိုင်ဘူးထင်ပါတယ် ""


"" ကျွန်တော့်မှာတော့တငိုငိုတရယ်ရယ်နဲ့ဖြတ်သန်းနေရပေမဲ့သူကတော့အဆင်ပြေနေပုံပါပဲ ""

"" ဂရုမစိုက်ချင်ယောင်ဆောင်နေပေမဲ့ကျွန်တော်ဂရုအစိုက်မိဆုံးကသူပါပဲ တခြားသူနဲ့အတူရှိနေတာကိုမြင်တိုင်းသဝန်တိုပါတယ် တကယ်မကြိုက်ဘူး ""

"" နှစ်ယောက်စလုံးအတူတူအချစ်သစ်တွေ့သွားရင်ကောင်းမယ် ""

"" အချစ်ဦးလည်းသူ ၊ အချစ်ဆုံးလည်းသူပါပဲ အခုချိန်အထိပေါ့ ""

"" ဘာမှမဖြစ်သလို‌နေရင်းမသိချင်ယောင်ဆောင်နေဖို့ဆိုတာက ကျွန်တော့်အတွက်လည်းမလွယ်ကူပါဘူး ""

အသစ်တဖန်ပြန်ဖြစ်လာတဲ့
EX နဲ့ပတ်သက်တဲ့ခံစားချက်တွေ ...

အတိတ်ကိုပြန်ဆွဲခေါ်နေတဲ့
နောင်တတရားတွေ ...

အဲ့ဒီနောက်....

"" သူကပဲကျွန်တော့်အကြည့်တွေကိုဖမ်းစားထားခဲ့တာပါ ""

"" သူ့လောက်ချစ်စရာကောင်းတဲ့သူမျိုးထပ်မရှိနိုင်လောက်တော့ဘူးလို့တွေးမိတဲ့အထိတအားချစ်စရာကောင်းတာပါဗျာ ""

EX or NEWWhere stories live. Discover now