🔸복잡해진 마음🔸
- Mixed emotions -ဂယူဗင်း ✉️ 1
- အပြာရောင်လက်ဆောင်ဘူးပိုင်ရှင်ယူဂျင်းဟာ သင်နဲ့dateဖို့ကိုငြင်းဆိုလိုက်ပါတယ် -
နှစ်ကြောင်းခန့်သာရှိသောစာလေးအား ဂယူဗင်း အခေါက်ခေါက်အခါခါဖတ်နေမိတာ ၁၅မိနစ်ပင်ရှိတော့မည်။ ယူဂျင်းဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို သူ့ဘက်ကခန့်မှန်းကြည့်ချိန်တောင်မရလိုက်ဘဲ အငြင်းခံလိုက်ရတာကြောင့် သူ့မှာမယုံကြည်နိုင်ဖြစ်နေရခြင်း။
ယူဂျင်းကသူနဲ့dateဖို့ကိုငြင်းလိုက်တာတဲ့လား.. သူ့မှာတော့ ယူဂျင်းဝယ်လာတာမှန်းသိသာနေတဲ့ခွေးရုပ်လေးကိုမြင်ပြီးပျော်နေခဲ့တာကို...ယူဂျင်းနဲ့dateဖို့အခွင့်အရေးရလာခဲ့လို့စိတ်လှုပ်ရှားနေခဲ့တာကို...
' ယူဂျင်းက ငါနဲ့ပတ်သက်ရင် အဲ့လောက်ထိတောင် ပြတ်သားနေပြီလား ' လို့တွေးလိုက်မိတော့.. ယူဂျင်းနှင့်ပတ်သက်လာလျှင် ပြတ်သားနိုင်စွမ်းမရှိသည့် သူ့နှလုံးသားဟာ တဆစ်ဆစ်စူးနင့်ရ၏။ ဖုန်းscreenကိုကြည့်နေရာမှ တဖြည်းဖြည်းဝေဝါးလာခဲ့သောအမြင်အာရုံကြောင့် မျက်လုံးတို့ကိုအသာမှိတ်ချလိုက်သည့်အခါ နာကျင်မှု၏ပြယုဂ်ဖြစ်သော ပူပူနွေးနွေးမျက်ရည်တို့ဟာ တသွင်သွင်စီးကျလာခဲ့ကြလေသည်။ ဒါဟာ သူ ဒီ၆ရက်အတွင်းမှာ ဘယ်နှစ်ကြိမ်မြောက်ငိုမိတာလဲဆိုတာကိုတောင် မသိနိုင်တော့သောအခြေအနေပင်။
>>>>>>>>>>>>>>>> interview
ဂင်ဂယူဗင်း : "" တစ်ခါလောက် dateကြည့်လိုက်ရင် ယူဂျင်းလည်းစိတ်ပြောင်းသွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဒီအခွင့်အရေးကိုတော့ အမိအရဖမ်းဆုပ်ချင်ခဲ့တာ ""
[ မျက်ဝန်းတို့၌ မျက်ရည်တွေပြည့်လျှံနေသော်လည်း ခပ်ဟဟရယ်လာခဲ့ပြီး ]
"" ယူဂျင်းဘက်က အဲ့ဒီမျှော်လင့်ချက်ကို တစ်ခါတည်းရိုက်ချိုးပစ်လိုက်တယ်လေ... တကယ်ပဲ ပြတ်သားနေပြီထင်ပါတယ် ကျွန်တော်နဲ့ပြန်တွဲဖို့ လုံးဝအစီအစဉ်မရှိဘူးနဲ့တူတယ် ကျွန်တော့်နေရာမှာ ဟန်ဘင်းဟျောင်းသာဆို သူသေချာပေါက်..လက်ခံလောက်မှာပဲ ""
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...