🔸질투🔸
- Jealousy -အသက်တွေသိလိုက်ရပြီဖြစ်တာကြောင့် အချင်းချင်းစကားပြောဆိုရသည်မှာ အရင်ကထက်ပိုပြီး သက်တောင့်သက်သာရှိသွားတာတော့အမှန်ပင်ဖြစ်လေသည်။
"" ကျွန်တော်အစက ဟျောင်းကိုကျွန်တော့်ထက်အငယ်လို့ထင်ထားတာကို ""
ထယ်ရယ့်ကိုလှမ်းကြည့်ရင်း နှမြောသလိုပြောလာတဲ့ဂွန်းနု။
"" ㅎㅎ 30လို့မထင်ရလောက်အောင်နုနေလို့တောင်းပန်ပါတယ်ကွာ ""
"" ဟိုလေ ပြောလိုက်မိတာကို ပြန်ရုပ်သိမ်းပါတယ်ဗျ မေ့လိုက်ပါတော့နော် ""
ရုပ်တည်ဖြင့်ပြောလာခဲ့သော ဂွန်းနုကြောင့် ထယ်ရယ်ကလက်သီးထောင်ပြလာပြီး ကျန်ပါဝင်သူများမှာတော့ ခပ်ဟဟရယ်လာကြတော့၏။
ခဏအကြာတွင်... ယူဂျင်းသည် ရစ်ခီ့လက်ထဲတွင်ရှိနေသေးသော အပြာရောင်စာအိတ်လေးကိုကြည့်ကာ တွေးစစဖြင့် ပြောလာပါသည်။
"" ဒါနဲ့လေ စာအိတ်အရောင်ကတစ်ခေါက်နဲ့တစ်ခေါက်မတူဘူးနော် ကျွန်တော်စဉ်းစားမိတာတစ်ခုတော့ရှိတယ် ""
ယူဂျင်းက စကားကိုရပ်လိုက်တာကြောင့် ဟန်ဘင်းကစိတ်ဝင်တစားဖြင့် မေးလာလေသည်။
"" ဘာစဉ်းစားမိတာလဲ ""
"" ဒီလိုလေ... EXနဲ့သက်ဆိုင်တာဆို အနီရောင် ၊ လူသစ်နဲ့သက်ဆိုင်တာဆို ပန်းရောင် ၊ EXရော လူသစ်ရောနဲ့မသက်ဆိုင်တဲ့ ဒီနေ့လို အသက်နဲ့အလုပ်အကိုင်ပြောရတာတို့ ၊ အသိပေးချက်တို့ဆို အပြာရောင် အဲ့လိုထင်တယ်ဗျ ""
ထိုအခါ အကုန်လုံးက တစ်ခုခုကို ဆက်စပ်တွေးတောမိသွားကြဟန်ဖြင့် ယူဂျင်းစကားကိုထောက်ခံလာကြတော့သည်။
ထယ်ရယ် - "" အာ! တကယ်အဲ့လိုဖြစ်နိုင်တယ်ထင်တယ် ""
ဂွန်းနု - "" ဟုတ်သားပဲ... ကျွန်တော်တို့ ပထမဆုံးရောက်တဲ့နေ့က စာနှစ်စောင်ရခဲ့တယ်လေ ပထမတစ်စောင်ကကျ စည်းကမ်းချက်တွေနဲ့ ၊ အခန်းခွဲဖို့ပြောထားတဲ့ဟာ အဲ့ဒီစာအိတ်ကအပြာရောင် .. ဒုတိယတစ်စောင်ကကျ EXမိတ်ဆက်စာ အဲ့ဒါကျ အနီရောင် ၊ ပြီးတော့ dateလုပ်ရမယ့်အကြောင်းပြောခဲ့တုန်းကကျ ပန်းရောင်! ""
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...