🔸랜덤 데이트🔸
- Random date -' ပါဝင်သူအသစ်ရောက်လာတာတော့မဟုတ်ပါဘူးနော် ' ဆိုသည့်ဟန်ဘင်းစကားကြောင့် ကျန်ပါဝင်သူများမှာ ပုံမှန်ထက်နှစ်ဆစိတ်လှုပ်ရှားသွားကြပြီး အကုန်အတူတူတံခါးဝဆီလျှောက်လာမိကြ၏။ ရှေ့ဆုံးတွင်ရှိနေသော ထယ်ရယ်မှတံခါးဖွင့်လိုက်ရာ ထင်ထားသလို ပါဝင်သူအသစ်ရောက်လာတာမဟုတ်ဘဲ စာအိတ်လေးတစ်စောင်ရောက်နေတာကိုသာတွေ့လိုက်ကြရလေသည်။
ဟန်ဘင်း - "" ပါဝင်သူအသစ်မဟုတ်ဘူးကိုး ""
ဂယူဗင်း - "" ရောက်မလာသေးတဲ့ EXကိုမျှော်နေတာတော့မဟုတ်ပါဘူးနော်? ""
ရွှတ်နောက်နောက်ဖြင့်ပြောလိုက်သောဂယူဗင်းအား ဟန်ဘင်းဘက်မှပြုံးလျက်ဖြင့်တုံ့ပြန်လာပါသည်။
ဟန်ဘင်း - "" မဟုတ်တာဗျာ ""
ဂွန်းနု - "" ဒါနဲ့ ဒီတစ်ခါစာအိတ်အရောင်ကပန်းရောင်နော် ဘာလို့အရောင်မတူတာလဲမသိ ""
ယူဂျင်း - "" ကျွန်တော်လည်းအဲ့ဒါတွေးနေတာ ""
ဂွန်းနုနှင့်ယူဂျင်းစကားကြောင့် ကျန်ပါဝင်သူများမှာလည်း အတွေးများသွားကြရ၏။ သိချင်စိတ်ပြင်းပြနေသောမျက်နှာလေးများဖြင့် ထယ်ရယ့်လက်ထဲမှ ပန်းရောင်စာအိတ်လေးကိုသာစိုက်ကြည့်နေမိကြလေသည်။ ထိုအခါ စာအိတ်ကိုင်ထားသူထယ်ရယ်ကပဲ အားလုံးကိုအိမ်ထဲပြန်ဝင်ရန်အချက်ပြလို့... ဧည့်ခန်းထဲပြန်ရောက်သည့်အခါမှ စာအိတ်ကိုဖွင့်ဖတ်ပြဖို့ပြင်ရတော့သည်။
ထယ်ရယ် - "" နည်းနည်းတော့ထူတယ်ဗျ ဘာတွေပါလို့လဲမသိဘူး ကျွန်တော်ဖွင့်ကြည့်လိုက်တော့မယ်နော် ""
ပြောပြောဆိုဆိုနှင့်ထယ်ရယ်စာအိတ်ကိုဖွင့်လိုက်၏။
ထယ်ရယ် - "" အာ... ""
စာအိတ်ထဲရှိအရာများအား တစ်ယောက်တည်းငုံ့ကြည့်ရင်း တဖြည်းဖြည်းပြုံးယောင်သန်းလာသောထယ်ရယ့်မျက်နှာကြောင့် ကျန်ပါဝင်သူများလည်း အလိုလိုလိုက်ပြုံးမိကြကာ သိချင်စိတ်ပိုမိုပြင်းထန်လာကြတော့၏။
ဟန်ဘင်း - "" ဘာတွေလဲဟင် ""
ရစ်ခီ - "" သိချင်လာပြီ ""
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...