🔸아픈 사랑의 추억🔸
- Painful memories of love-ရှည်လျားသည်ဟုပြော၍ရသော ပထမတစ်ရက်တာမှာ တိတ်တဆိတ်သက်ပြင်းခိုးချသံများကြား၌ကုန်ဆုံးသွားခဲ့ပြီး ဒုတိယရက်စတင်ခဲ့လေသည်။
ပါဝင်သူအားလုံးထဲ၌ ပထမဆုံး အိပ်ရာနိုးလာသူမှာ ဂယူဗင်းဖြစ်၏။ အိပ်ရာနိုးလာတာဟုပြောခြင်းထက် တရေးမှမအိပ်ရသေးတာဟုပြောလျှင်ပိုမှန်လိမ့်မည်။ ဂယူဗင်း ညက EX မိတ်ဆက်စာကို အခေါက်ခေါက်အခါခါပြန်ဖတ်ရင်း အိပ်မပျော်ခဲ့ခြင်းဖြစ်လေသည်။
"" တော်တော်ဆိုးနေတာပဲ ဘယ်လိုလုပ်ရပါ့မလဲ ""
တစ်ညလုံးငိုထားသောကြောင့် ဖောင်းအစ်နေသောမျက်လုံးအခြေအနေအား မှန်ဖြင့်ကြည့်ရင်း ဂယူဗင်းတစ်ယောက်တည်းရေရွတ်နေမိသည်။ သို့ပေမဲ့ ခဏအကြာမှာပဲ အကြံရသွားဟန်ဖြင့် ဗီရိုထဲမှ ဟူဒီကိုထုတ်ယူလို့ ခပ်သွက်သွက်လဲဝတ်လိုက်သည်။ ထို့နောက် ဟူဒီခေါင်းစွပ်ကိုစွပ်ပြီး မျက်မှန်ကိုပါထုတ်တပ်လိုက်သည်မို့ နည်းနည်းတော့ဖုံးဖိနိုင်သွားသလိုပါပင်။ မှန်ပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းကျသွားတာကြောင့် မနက်စာစားရန်အတွက် ခြေသံလုံလုံဖြင့် အောက်ထပ်ဆင်းလာခဲ့လေသည်။
ဖြစ်ချင်တော့မနက်စာစားဖို့အတွက်က နွားနို့အပြင်ဘာမှမရှိပေ။ ဈေးသွားဝယ်ဖို့အတွက်ကျတော့လည်း စောလွန်းသေးတာကြောင့် ရှိတဲ့နွားနို့ကိုသာခွက်ထဲငှဲ့ပြီးထိုင်သောက်နေလိုက်တော့သည်။ အချိန်များဟာ တရွေ့ရွေ့ကုန်ဆုံးပြီး မနက်ငါးနာရီဆိုသည့်အချိန်သို့ ရောက်ရှိလာချိန်မှာတော့ အပေါ်ထပ်မှတစ်ယောက်ယောက်ဆင်းလာသံကိုကြားလိုက်ရလေသည်။ ခြေသံတွေတဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ စကားပြောသံတို့ကိုလည်းအတိုင်းသားကြားလာရသည်မို့ ဆင်းလာသူမှာတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရ၏။
"" ပုံမှန်ဆိုဒီအချိန်မနိုးဘူးဗျ ဒီနေ့မနက်ကိစ္စလေးတစ်ခုရှိလို့ ""
"" ကျွန်တော်ရောပဲဗျ ""
ဆင်းလာသူများမှာ ဂယူဗင်းစိတ်ထဲတွင်ခန့်မှန်းထားသည့်အတိုင်း ဟန်ဘင်းနှင့်ယူဂျင်းဖြစ်လေသည်။ နှစ်ယောက်သားမှာ ဧည့်ခန်းထဲတွင်ကျောက်ရုပ်လိုထိုင်နေသောဂယူဗင်းကိုမြင်မြင်ချင်းအံ့ဩသွားကြဟန်ဖြင့်မျက်လုံးလေးတွေဝိုင်းစက်သွားကြ၏။
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...