- 5화 -

1.8K 189 234
                                    


🔸삭제할까 말까? 자를까 말까?🔸
- Delete it or not? Cut it or not? -

[ သင့်ရဲ့EXကသင့်ကိုမရွေးချယ်ခဲ့ပါဘူး ]

ယူဂျင်း အခု အပေါ်ထပ်ရှိ terraceတွင်တစ်ယောက်တည်းရှိနေတာဖြစ်သည့်အတွက် မျက်ရည်တွေကိုလွတ်လွတ်လပ်လပ်စီးကျခွင့်ပြုလိုက်၏။ messageပို့ရာ၌ ဂယူဗင်း သူ့ကိုမရွေးချယ်ခြင်းဟာ ဒီလောက်အတိုင်းအတာအထိ
သူ့ခံစားချက်တွေကိုဗြောင်းဆန်သွားစေနိုင်မှန်း ယူဂျင်းအခုမှသိလိုက်ရပါသည်။

>>>>>>>>>>>>>>>>>>> interview

Q : ပထမဆုံးအနေနဲ့ EXကကိုယ့်ကိုစာပို့ဖို့မရွေးချယ်ခဲ့တဲ့အပေါ်?

ဟန်ယူဂျင်း : "" တစ်ခုခုနဲ့ကျွန်တော့်ရင်ဘတ်ကိုအားပြင်းပြင်းထိုးနှက်လိုက်သလိုပါပဲ... စိတ်အခြေအနေကဟိုးအောက်ဆုံးအထိထိုးကျသွားခဲ့တယ်... ညနေတုန်းက EXနဲ့ ကတောက်ကဆဖြစ်ခဲ့တာကြောင့်လည်းပါမယ်ထင်တယ်.. ပြီးတော့ မုန့်တွေ... မနက်တုန်းက ကျွန်တော်အိမ်ကမထွက်ခင် မုန့်တစ်ထုပ်ဖောက်စားပြီးအမှိုက်လွှင့်ပစ်တော့ အမှိုက်ပုံးထဲမှာ ကျွန်တော် EXကိုပေးခဲ့တဲ့မုန့်လေးသုံးထုပ်က ဖောက်တောင်မဖောက်ရသေးဘဲဒီအတိုင်းရှိနေတာကိုမြင်ခဲ့ရတယ်လေ ... ကြည့်ရတာ EXကမစားဘဲဒီအတိုင်းလွှင့်ပစ်ခဲ့ပုံပဲဗျ ㅎㅎ ""

[ မျက်ရည်ပြည့်နေတဲ့မျက်ဝန်းတွေနဲ့အတူ ခပ်ဟဟရယ်လာတဲ့ယူဂျင်း ]

"" ကျွန်တော်က ... သူကြိုက်တတ်မှန်းသိလို့ ဝယ်လာခဲ့တာကို ... သူကျွန်တော့်ကြောင့် စိတ်မကောင်းဖြစ်နေမှန်းသိလို့ မုန့်လေးတွေပေးရင်းချော့ခဲ့တာကို.. ညရောက်တော့ကျ သူက မုန့်တွေကိုတခြားသူတွေကိုကျွေးနေတာလေ သူ့အတွက်လို့ရည်ရွယ်ပြီးဝယ်လာခဲ့တဲ့မုန့်တွေကို သူကျတော့မစားဘဲ တခြားသူတွေကိုကျွေးနေခဲ့တာ ... ကတောက်ကဆဖြစ်ခဲ့တာအပြင် အဲ့ဒီမုန့်ကိစ္စကြောင့် စိတ်အဆင်မပြေတော့တဲ့အချိန်မှာ ' သင့်ရဲ့EXကသင့်ကိုမရွေးချယ်ခဲ့ပါဘူး ' ဆိုတဲ့စာကိုမြင်လိုက်ရတော့ ... ခံနိုင်ရည်မရှိတော့တာနဲ့တူပါတယ် မျက်ရည်တွေကဆက်တိုက်ဆိုသလိုစီးကျလာခဲ့တယ်.. ဒါပေမဲ့လည်း EXကျွန်တော့်ဆီစာမပို့တာကိုဖြစ်သင့်တယ်လို့တွေးပါတယ်.. ကျွန်တော်လည်း ဟန်ဘင်း님ဆီကိုပို့ခဲ့တာမလို့လေ... ကျွန်တော်အခုလိုခံစားနေရတာကိုလည်း EXကိုပေးသိမှာမဟုတ်ပါဘူး .. လူကောင်းမလို့ ကျွန်တော့်ကိုအားနာနေရတာ၊ထောက်ထားနေရတာမျိုး မဖြစ်စေချင်ဘူး.. အဲ့ဒါကြောင့် ရှေ့လျှောက်.. ကျွန်တော့်ဘက်ကခံစားချက်တွေကိုတတ်နိုင်သမျှထိန်းချုပ်ဖို့ကိုပဲကြိုးစားပါတော့မယ်.. ဒီနေ့လို ကတောက်ကဆမျိုးထပ်မဖြစ်အောင်လည်း အတတ်နိုင်ဆုံးဆင်ခြင်ပါတော့မယ် ""

EX or NEWWhere stories live. Discover now