- 4화 -

1.9K 187 111
                                    


🔸너에 대해 알고 싶어🔸
- Wanna know about you -

ရင်ခုန်စရာများဖြင့်စောင့်ကြိုနေမည့်တတိယမြောက်နေ့စတင်ခဲ့၏။ ရစ်ခီကတော့ သူ ညကပေးထားခဲ့သောAlarmသံကြောင့်အိပ်ရာမှနိုးလာခဲ့လေသည်။ သတ်မှတ်ထားသော ၆နာရီဆိုသည့်အချိန်မှာပင်ကွက်တိနိုးလာခြင်းဖြစ်သည့်အတွက် Alarmကိုချက်ချင်းပြန်ပိတ်လိုက်နိုင်သည်မို့ roommateဖြစ်သူထယ်ရယ်အတွက်လည်းအနှောင့်အယှက်ပေးရာမရောက်ခဲ့ချေ။ အပျင်းကြောဆန့်ကာထထိုင်လို့ ရစ်ခီအရင်ဆုံးလုပ်မိသည်မှာ အဝတ်အစားရွေးချယ်ခြင်း။

အနက်ရောင်တွေချည်းတန်းစီချိတ်ထားတဲ့အထဲကမှ အနက်ရောင်အင်္ကျီတစ်ထည်ကိုထုတ်ယူကြည့်လိုက်ရာ... အင်္ကျီ၏လည်ပင်းပုံစံမှာ Deep V-neckဖြစ်နေလေသည်။ ကိုယ်ပေါ်တွင်အင်္ကျီကိုကပ်လို့ မှန်ရှေ့သွားရပ်ပြီးနောက်တွင်တော့ ရစ်ခီခေါင်းအသာခါရင်းရေရွတ်မိ၏။

"" အခုမှပထမဆုံးdateကို ဒီလောက်ကျ လွန်တယ် ""

စိတ်တိုင်းမကျသေးတာကြောင့် ဗီရိုဆီကိုတဖန်ပြန်သွားပြီး ရင်ဘတ်လည်းမပေါ်စေတဲ့ အနက်ရောင် T-shirtတစ်ထည်နှင့် cropped coatကိုသာရွေးချယ်လိုက်တော့သည်။ ပြီးနောက် ထိုနှစ်ထည်နှင့်လိုက်ဖက်မည့် ဘောင်းဘီကိုရွေးချယ်ကာ ကုတင်ပေါ်တွင်အဆင်သင့်တင်ထားလိုက်ပါသည်။

အဝတ်အစားရွေးချယ်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားခဲ့ပြီမို့ ရေချိုးရန်ပြင်ရတော့သည်။ သို့ရာတွင် ရေမချိုးခင်၌ မျက်နှာကိုသန့်စင်ရန်လိုအပ်သေးတာကြောင့် ဂျီအုံးဆီမှ facial foamကိုသွားငှားရပေဦးမည်။

>>>>>>>>>>>>>>>>>>>> interview

Q : ဂျီအုံးနဲ့dateလုပ်ရမှာဆိုတော့ဘယ်လောက်ထိရင်ခုန်နေလဲ?

ရှင်းမ်ရစ်ခီ : "" တကယ် အများကြီး ရင်ခုန်ပါတယ်.. ပုံမှန်ဆိုကျွန်တော်က Alarmပေးအိပ်လေ့မရှိပေမဲ့ ဂျီအုံး님က အချိန်မလေးစားတာကိုမကြိုက်ဘူးဆိုလို့ အိမ်ကနေ ၈နာရီမထွက်ခင်မှာ စောစောပြင်ဆင်ထားနိုင်ဖို့အတွက် ၆နာရီ Alarmပေးအိပ်ခဲ့တာကိုပဲကြည့် ㅎㅎ ""

<<<<<<<<<<<<<<<<<<<<<<<

facial foamသွားငှားရန်အတွက် ဂျီအုံးတို့အခန်းဘက်ဆီ ရစ်ခီလျှောက်လာမိလေသည်။ --- ဟျောင်းအခုနိုးနေလောက်ပြီထင်တာပဲ --- အတွေးနှင့်အတူတံခါးခေါက်လိုက်ရာ တံခါးလာဖွင့်ပေးသူမှာ ဂျီအုံးမဟုတ်ဘဲ ဂယူဗင်းဖြစ်နေတာကြောင့် ရစ်ခီခဏတော့ကြောင်အမ်းအမ်းဖြစ်သွားရ၏။

EX or NEWWhere stories live. Discover now