🔸첫 인사 🔸
- First greeting -EXchange အစီအစဉ် ရိုက်ကူးရေး၏ ပထမဆုံးနေ့တွင်ဖြစ်သည်။
အစီအစဉ်ရိုက်ကူးရန်အတွက် စီစဉ်ထားသော ဆိုးလ်မြို့ရှိ ခြံဝန်းကျယ် နှစ်ထပ်တိုက်အိမ်ကြီးအတွင်းသို့ တန်းတန်းမတ်မတ်လျှောက်ဝင်လာသူကောင်လေးတစ်ဦး။ ရှပ်လက်တိုအဖြူရောင်အပေါ်မှ ဂျင်းကုတ်အဖြူအားထပ်၍ ခပ်ပွပွအဖြူရောင်ဘောင်းဘီရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသည်မို့ သူ၏လူငယ်ဆန်ဆန် fashion style မှာအထင်းသားပေါ်လွင်လျက်ရှိသည်။ ရုပ်ရည်မှာ သန့်ပြန့်ချောမောပြီး ချိုသာနှစ်လိုဖွယ်ကောင်းသည့်အပြုံးလှလှလေးကိုလည်းပန်ဆင်ထားသေးသည်။
"" အို့! ဘယ်သူမှမရောက်သေးဘူးပဲ ""
ဗလာဖြစ်နေသော အိမ်အခြေအနေကိုကြည့်ပြီး တစ်ယောက်တည်းရေရွတ်လိုက်သော ထိုကောင်လေး၏စကားသံ။
သို့ရာတွင် သူရောက်ပြီး ခဏအကြာမှာပဲ အိမ်တံခါးပွင့်ဟလာခြင်းနှင့်အတူ နောက်ထပ်ပါဝင်သူတစ်ဦးလည်းရောက်လာခဲ့လေသည်။
အသားရောင်ရှပ်နှင့် style pantsအနက်ရောင်ကိုတွဲဖက်ဝတ်ဆင်ထားသော လူကြီးလူကောင်းဆန်သည့်ပုံစံဖြင့် ခန့်ညားလှသည့်ထိုလူ။
"" မင်္ဂလာပါဗျ ""
အရင်ရောက်နှင့်နေသူကောင်လေးဘက်မှ လှမ်းနှုတ်ဆက်လိုက်သောအခါ ခန့်ညားသောရုပ်ရည်နှင့်ထိုလူသည်လည်းပြုံးပြနှုတ်ဆက်လာလေသည်။
"" အာ ဟုတ် မင်္ဂလာပါဗျ ""
အစီအစဉ်၏စည်းမျဉ်းအရ ပထမဆုံးနေ့၌ နာမည်ကိုသာပြောလို့ရသည်မို့ ... အရင်ရောက်နှင့်နေသူကောင်လေးကပဲ စတင်၍မိတ်ဆက်လိုက်လေသည်။
"" နာမည်ဘယ်လိုခေါ်လဲဗျ
ကျွန်တော့်နာမည်ကဆောင်းဟန်ဘင်းပါ ""ဟန်ဘင်းနာမည်ကိုကြားကြားချင်း မဆိုသလောက်လေးအံ့ဩသွားဟန်ရှိပေမဲ့ တစ်ဖက်လူဘက်ကလည်း ပြုံးပြကာနှုတ်ဆက်လာပါသည်။
"" အာ.. ဆောင်း-ဟန်-ဘင်းနော်
ကျွန်တော့်နာမည် ဂင်ဂျီအုံးလို့ခေါ်ပါတယ်
တွေ့ရတာဝမ်းသာပါတယ်ဗျ """" ကျွန်တော်ရောပါပဲ ""
>>>>>>>>>>>>>>>>>>>>>> interview
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...