💌 Han Yujin ❤️
ယူဂျင်းနီးကကျွန်တော့်အတွက်တော့တစ်လောကလုံးမှာအဖိုးတန်ဆုံးလူသားလေးပါ။ ပျင်းစရာကောင်းတဲ့ကျွန်တော့်ဘဝထဲကို ပျော်စရာတွေယူဆောင်လာပေးခဲ့တဲ့ လက်ဆောင်လိုဖြစ်တည်မှုလေးပေါ့။ အများကြီးကျေးဇူးတင်ခဲ့ရသလို အများကြီးတန်ဖိုးထားခဲ့ရပြီး အများကြီးချစ်ခဲ့ရပါတယ်။ ကြယ်လေးတွေထည့်မြှုပ်ထားတဲ့မျက်လုံးလှလှလေးတွေကစလို့ ... နူးညံ့လွန်းလို့ခဏခဏသွေးခြေအုတတ်တဲ့ဖြူဖြူနုနုခြေထောက်လေးတွေအထိမြတ်မြတ်နိုးနိုးချစ်ခဲ့ရတာပါ။ နည်းနည်းလေးတော့ နမော်နမဲ့နိုင်တာမလို့ မျက်စိအောက်ကအပျောက်မခံဘဲ အချိန်နဲ့တပြေးညီဂရုစိုက်ပေးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲ။ ဈေးကြီးတဲ့လက်ဆောင်တွေကိုငြင်းပယ်တတ်ပေမဲ့...သူ့ရဲ့အေးစက်စက်လက်ဖဝါးလေးတွေကိုနွေးထွေးတဲ့လက်တွေနဲ့အချိန်အကြာကြီးဆုပ်ကိုင်ထားပေးဖို့ကိုတော့ အမြဲလိုလိုမျှော်လင့်နေတတ်တဲ့ကောင်လေးပါ။ အဲ့ဒါကိုသိလျက်နဲ့ဈေးကြီးတဲ့လက်ဆောင်တွေကိုပဲဝယ်ပေးခဲ့မိပြီးအမြဲလိုလိုအေးစက်နေတတ်တဲ့ယူဂျင်းနီးရဲ့လက်ကလေးတွေကိုတော့ အချိန်အကြာကြီးဆုပ်ကိုင်မထားပေးနိုင်ခဲ့တဲ့အတွက်နောင်တရမိပါတယ်။ ယူဂျင်းနီးကိုလူကောင်သေးသေးလေးဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့။ ကျွန်တော့်အတွက်နဲ့အားကောင်းမောင်းသန်လူသုံးယောက်ကိုပြဿနာသွားရှာရဲခဲ့တဲ့ သတ္တိခဲလေးပါ။ အလုပ်တစ်ဖက်နဲ့အချိန်မပေးနိုင်ခဲ့တာတွေများခဲ့လို့ အားနာခဲ့ရပေမဲ့ ယူဂျင်းနီးကတော့ ကျွန်တော့်ကိုအမြဲတမ်းနားလည်ပေးခဲ့ပါတယ်။ ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘဲ ခဏခဏထိခိုက်လာတတ်ပေမဲ့ ကျွန်တော့်လက်ကိုဓားလေးရှသွားရင်တောင် မျက်ရည်တွေဝဲလာတဲ့အထိ သူ့မှာ အထိအခိုက်မခံနိုင်ရှာဘူး။ သန်မာချင်ယောင်ဆောင်နေတတ်ပေမဲ့ တကယ်တမ်း ယူဂျင်းနီးရဲ့အတွင်းစိတ်လေးကတော့ ကလေးလေးတစ်ယောက်လိုဖြူစင်ပြီးအရမ်းကိုမှနူးညံ့ပါတယ်။ အဲ့ဒါကြောင့် ယူဂျင်းနီးကိုစကားပြောတဲ့အခါ လေသံကိုနူးနူးညံ့ညံ့လေးထားပြီးပြောပေးရင်ကောင်းမယ်။ ဒေါသထွက်နေရင်တောင် လေသံမာလိုက်လို့ လုံးဝ( လုံးဝ )မဖြစ်ပါဘူး။ လေသံမာလိုက်လို့ကတော့ အဲ့ကလေးလေးကငိုမှာဗျ။ အဲ့လိုသာဆို ခင်ဗျားလည်းကျွန်တော့်လိုမျိုးနှလုံးသားတစ်ခုလုံးတစ်စစီကြေမွသွားသလိုခံစားရမှာမလွဲမသွေပါပဲ။ အေးစက်တဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားပေမဲ့ ယူဂျင်းနီးရဲ့ နှလုံးသားလေးကတော့အမြဲတမ်းနွေးထွေးနေခဲ့တာပါ။ ချစ်ရတဲ့သူအတွက်ဆို ပျော်အောင်လုပ်ပေးချင်တယ်။ အားအင်တွေပေးချင်တယ်။ လက်ဆောင်သေးသေးလေးတွေပေးချင်တယ်။ ကာကွယ်ပေးချင်တယ်။ ဂရုစိုက်ပေးချင်တယ်။ နားလည်မှုတွေပေးချင်တယ်။ ချစ်သူကောင်လေးတစ်ယောက်ဆီမှာ ရှိသင့်ရှိထိုက်တဲ့ စံချိန်စံနှုန်းတွေအပြည့်ရှိတဲ့ကောင်လေးလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ အဲ့ဒါကြောင့် ယူဂျင်းနီးကို အများကြီးသဘောကျပေးကြရင်ကောင်းမယ်။ ပြောပြစရာတွေကအခုထိအများကြီးကျန်ပါသေးတယ်ဗျ။ အသေးအမွှားကိစ္စလေးတွေနဲ့ ခဏခဏစိတ်ကောက်တတ်ပေမဲ့ အနောက်ကနေခါးလေးကိုဖက်ပြီးချော့လိုက်တာနဲ့ ချက်ချင်းစိတ်ကောက်ပြန်ပြေသွားတတ်တဲ့ကောင်လေးပါ။ ပြုံးနေတဲ့အခါမှာဆိုအကြည့်မလွှဲနိုင်လောက်အောင်အရမ်းလှတာမလို့ ' ယူဂျင်းနီးအမြဲတမ်းပြုံးနေဖို့အတွက်ဆိုဘာကိုပဲလုပ်ရလုပ်ရ ' ဆိုတဲ့ စိတ်အားထက်သန်မှုမျိုးလည်းအလိုလိုရလာစေမှာပါ။ ပါးချိုင့်သေးသေးလေးနှစ်ခုကိုလည်းခဏခဏပြလေ့ရှိလို့ သူအဲ့လိုမျိုးပြလာတဲ့အခါမှာဆို သဘောတကျနဲ့ချီးကျူးပေးလိုက်ပါနော်။ အဲ့လိုဆိုရင် ထမင်းမစားဘဲနဲ့တောင်ဗိုက်ပြည့်သွားစေမယ့် ယူဂျင်းနီးရဲ့အပြုံးလှလှလေးကိုမြင်ခွင့်ရပါလိမ့်မယ်။ စားစရာနဲ့ပတ်သက်ပြီးပြောပြရရင်တော့ ယူဂျင်းနီးကအစိမ်းရောင်သူငယ်ချင်းတွေဖြစ်တဲ့အသီးအရွက်တွေကိုစားရတာမကြိုက်ပါဘူး။ ဒါပေမဲ့ သူမကြိုက်ဘူးဆိုတိုင်း အလိုလိုက်ပေးလိုက်လို့တော့ မရဘူးလေဗျာ။ အစိမ်းရောင်အသီးအရွက်တွေက ခန္ဓာကိုယ်အတွက်စားပေးဖို့လိုအပ်တာမလို့ သေချာပေါက် ချော့ကျွေးပေးဖို့တောင်းဆိုပါတယ်။ အကယ်၍များ ကိစ္စတစ်ခုခုကြောင့် ယူဂျင်းနီးငိုနေပြီဆိုရင်လေ ... ခန္ဓာကိုယ်သေးသေးလေးကိုရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းကျပ်ကျပ်ဖက်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။ ခဏခဏဖျားတတ်တဲ့ကောင်လေးမလို့ ကျွန်တော့်လိုမျိုး သူ့ကိုသေသေချာချာဂရုစိုက်ပေးနိုင်မှ ရှေ့ဆက်တိုးစေချင်ပါတယ်။ မဟုတ်ရင် ကျွန်တော်စိတ်မချနိုင်လို့ရူးရလိမ့်မယ်ထင်တယ်ဗျ ㅎㅎ နောက်တာပါ .. ဒီအစီအစဉ်ကနေတဆင့် ကျွန်တော့်ထက်ပိုပြီးသူ့ကိုချစ်ပေးနိုင်မယ့်သူမျိုးနဲ့အဆင်ပြေသွားမယ်ဆိုရင်အကောင်းဆုံးပေါ့။ အဲ့လိုသာဆို ကျွန်တော် စိတ်ရင်းနဲ့ဂုဏ်ပြုပေးမိမှာပါ။ ကိုယ်မပါဝင်တော့တဲ့မင်းဘဝလေးအမြဲတမ်းပျော်ရွှင်နေဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်ယူဂျင်းနီး။
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...