🔸과거의 우리🔸
- Us of the past -🔸The story of Hao × Jiwoong from Hao's point of view 🔸
🔸Song Recommendation🔸
🔸Sung Hyunjoo - Thanks to🔸
>>>>>>>>>>>>>>>>> pre-interview
Q : နှစ်ယောက်ကဘယ်လိုစ,တွေ့ခဲ့ကြတာလဲ?
ကျန်းဟာအို : "" ကျွန်တော်က တကယ်တော့ စာရေးဆရာဖြစ်မလာခင်တုန်းက ဟျောင်းရဲ့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့ဖူးပါတယ် အဲ့ဒီကနေစ,တွေ့ခဲ့ကြတာပါ ""
Q : ရုံးတွင်းအချစ်ပေါ့?
ကျန်းဟာအို : "" အဲ့လိုလည်းပြောလို့ရပေမဲ့ အတိအကျပြောရရင်တော့ မဟုတ်ပါဘူး.. ""
Q : EXအပေါ် First Impression က?
ကျန်းဟာအို : "" ခန့်ညားပြီးအရည်အချင်းရှိတဲ့သူ.. စည်းကမ်းတင်းကြပ်ပြီးမာနကြီးလောက်မယ့်သူလို့ထင်ခဲ့တာရယ် ""
Q : EXကိုသိလာတော့အမြင်ပြောင်းလဲသွားခဲ့လား?
ကျန်းဟာအို : "" သေချာပေါက်ပေါ့.. ဟျောင်းကတကယ်တော့..သဘောကောင်းပြီးနွေးထွေးဖော်ရွေတဲ့သူပါ အလုပ်မှာဆိုလည်း ဝန်ထမ်းတွေရဲ့မွေးနေ့ကအစမှတ်မိပြီး ဂရုစိုက်ပေးတတ်တဲ့ အထက်လူကြီးတစ်ယောက်ပါ ""
Q : အလုပ်လုပ်ရင်းနဲ့ပဲရင်းနှီးသွားခဲ့ကြတာလား?
ကျန်းဟာအို : "" ဟုတ်..အဲ့လိုပဲပြောရမှာပေါ့ ကျွန်တော်ကစာရင်းအင်းပိုင်းနဲ့အလုပ်ဝင်ခဲ့တာလေ..ပုံမှန်ဆို စာရင်းပေါင်းချုပ်တို့ဘာတို့ဆို ကျွန်တော်တို့ရဲ့အဖွဲ့မှူးကိုအပ်လိုက်ရင်ရပြီရယ်.. အဖွဲ့မှူးကနေတဆင့်ဟျောင်းကိုတင်ပြရတာပေါ့.. ဒါပေမဲ့ ကျွန်တော်အလုပ်ဝင်ပြီး သုံးလလောက်အကြာမှာပဲ အဲ့ဒီစနစ်ကပြောင်းသွားခဲ့တယ်လေ.. ဘယ်လိုပြောင်းသွားတာလဲဆိုရင် ကျွန်တော်လုပ်ထားတဲ့စာရင်းမှန်သမျှက အဖွဲ့မှူးဆီမအပ်ရတော့ဘဲ ဟျောင်းဆီတိုက်ရိုက်သွားအပ်ရတဲ့စနစ်ဖြစ်သွားတာ.. အစကတော့ လန့်တာပေါ့လေ အမှားလုပ်မိရင် တိုက်ရိုက်အဆူခံရမှာဆိုတော့.. ဒါပေမဲ့ နောက်မှသိခဲ့ရတာက ဟျောင်းက ကျွန်တော့်ကိုသဘောကျနေတာမလို့ ကျွန်တော်နဲ့နီးစပ်အောင် အဲ့ဒီစနစ်ကိုဖန်တီးခဲ့တာပါတဲ့ ㅎㅎ အဲ့လိုကနေ ဟျောင်းနဲ့ပုံမှန်စကားပြောဖြစ်ရင်း နောက်ပိုင်းမှာတော့ အလုပ်ကိစ္စမဟုတ်တဲ့ တခြားpersonalအကြောင်းတွေပါပြောဖြစ်ခဲ့ကြပြီးရင်းနှီးလာခဲ့ကြပါတယ် ""
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...