🔸현재를 즐기자🔸
- Let's enjoy the present -"" နမ်းချင်ရင်ကျွန်တော့်ကိုပဲနမ်း
တခြားသူတော့မရဘူး ကျွန်တော်ခွင့်မပြုဘူး ""ပြောလာပုံဟာ ပိုင်စိုးပိုင်နင်း။ မသိလျှင် ဟာအိုကပဲ သူ့အမိန့်ကို မဖြစ်မနေ နာခံရတော့မလို။
ခံပြင်းဒေါသနှင့်အတူ ဟာအို ဟက်ခနဲရယ်လိုက်မိကာ သူ့လက်အားဆွဲကိုင်ထားသောဟန်ဘင်းလက်ကိုလည်းဆောင့်ချလို့ရုန်းပစ်လိုက်တော့သည်။
"" ကြည့်ရတာ အဲ့ဒီဘက်က
စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ပုံပဲနော် ""အေးစက်စက်ဟာအို့စကားအဆုံး၌ ဟန်ဘင်းက ရယ်သွမ်းသွေးလျက်ဖြင့် ပြန်လည်ချေပလာခဲ့၏။
"" ကျွန်တော်ကစိတ်ကျန်းမာရေးမကောင်းဘူးဆိုရင် အဲ့ဒီဘက်ကလည်းဦးနှောက်သိပ်မကောင်းသလိုပဲနော် ဘာလို့ဆို ပထမဆုံးနေ့က ကျွန်တော့်ကို အခုမှတွေ့ဖူးတဲ့သူစိမ်းတစ်ယောက်လိုဆက်ဆံခဲ့တယ်မလား ""
လက်မ၏လက်သည်းနှင့်လက်ညှိုးအရင်းပိုင်းလေးကို ဟာအိုဖိကုတ်လိုက်မိပေမဲ့ ...
"" သူစိမ်းပဲမဟုတ်ဘူးလား ""
ပက်ခနဲမေးခွန်းပြန်ထုတ်လိုက်သော ဟာအို့လေသံမှာမူ ပကတိတည်ငြိမ်လျက်ရှိ၏။ ထို့ကြောင့်ဟန်ဘင်းမှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သွားခဲ့ရသည်။
"" သူစိမ်း..တဲ့လား? ""
ပြန်လည်၍မေးခွန်းထုတ်လာသော်လည်း ဟန်ဘင်းအခုထိမျက်လွှာချထားဆဲ။ သူ့မျက်ဝန်းတွေကို ဟာအိုမြင်သွားမှာစိုးရိမ်နေသည့်အလား.. ခေါင်းကိုလည်းငုံ့ထားဆဲ။
"" သူစိမ်းပေါ့.. မဟုတ်ရင် ဘာလဲ ""
"" EXကိုတော့သူစိမ်းအနေနဲ့သတ်မှတ်လို့မရဘဲအာရုံစိုက်မိနေတာဆိုပြီး ငါ့ကိုကျသူစိမ်း? ""
"" တူမလား.. သူနဲ့မင်းက ""
"" အင်းပေါ့..မတူနိုင်ဘူးပေါ့ ""
ပြောပြီးနောက် ဟန်ဘင်းသည် ခြောက်ကပ်ကပ်ရယ်ကာ မတ်တပ်ထရပ်၏။ ဟာအိုကတော့ ဟန်ဘင်းကိုသာ မမှိတ်မသုန်စိုက်ကြည့်လျက်ရှိကာ ဘာကိုမှမပြော။
YOU ARE READING
EX or NEW
Fanfictionyou had me at Hello EX-lovers must keep their past relationships a secret while living in the same house and decide whether they want to get back together or move in with new people. - EXchange ZB1 version - Inspired by the South Korean reality dati...