ep 22 (Unicode)

16.7K 810 111
                                    

.....................................

"အဟွတ် အဟွတ် ဟင်းးး အဟွတ်အဟွတ်"

"ကြီးမေ အရမ်းမောနေလား။
ဆေးခန်းသွားမလား"

"ရတယ်။ အဟွတ် စောစောလေးတင်ကပဲ
အဟွတ်ဟွတ် ဟင်းးး
ဒေါက်တာ ပြန်သွားတယ်မဟုတ်လား"

"ဒါပေမဲ့ ကြီးမေမှ မသက်သာတာ"

"ဟအင့် ရတယ်"

ခေါင်းတခါခါနဲ့ လက်ဝါးကာပြသည့်
ကြီးမေမှာ မောလွန်လို့ ရင်ဘတ်က
လှိုင်းထ နေသည်။ အရင်ကထက် ကြီးမေ အသားအရေတွေ ပိုတွန့်လာသည်။
ရေဓာတ်ခမ်းခြောက်လာတာ ဖြစ်မည်။
ကြီးမေ နှုတ်ခမ်းသားတွေမှာ
ခြောက်ကပ်ကပ်ဖြင့်
အက်ကြောင်းကွဲရာများပင်
ထင်းပေါ်နေသည်။ အချိန်တန်လို့
ပေါက်လာတဲ့ ဆံပင်ဖြူတွေက
ကြီးမေ အမဲဆေးမဆိုးနိုင်တော့
တစ်ခေါင်းလုံးနီးပါး ဖြူကုန်လေပြီ။

ကြီးမေ အသက်ကြီးလာမှ တူ၊
တူမ အတွက်နဲ့ စိတ်ထောင်းကိုယ်ကြေ
ဖြစ်နေရရှာသည်။ အရင်ဦးဆုံး
ကိုယ့်ကြောင့် စိတ်ဆင်းရဲခဲ့ရသည်။
အခု ညီမလေးအတွက်
စိုးရိမ်သောက ရောက်နေရပြန်သည်။
တစ်ပတ်ကျော်ကျော်ထိ ညီမလေး
သတင်းအကြောင်း မကြားသိသေး၍
ညီမလေးကို ကြီးမေ ပိုပိုစိတ်ပူလာသည်။
အဲ့လို စိတ်ပူလာတာနဲ့အမျှ ကြီးမေရဲ့
နှလုံးခုန်နှုန်းက အရင်ကထက်
ပိုမိုမြန်ဆန်လာလေသည်။

ဆေးခန်းသွားမလာဆိုတော့လည်း
'မသွားဘူး'တဲ့။ ကိုယ့်စိတ်တိုင်းသာဆို
ကြီးမေကို ဆေးရုံတင်လိုက်ချင်တာ။
ဒါပေမဲ့ ကြီးမေက ခေါင်းကြောမာမာနဲ့
'ဒီအိမ်မှာပဲ ခေါင်းချသွားချင်တယ်'လို့
ဝမ်းနည်းစရာစကားတွေကို ပြောနေသည်။

ကြီးမေသာ မရှိတော့ရင် ကိုယ့်ဘဝက
တကယ်ကို အားကိုးရာမဲ့တော့မှာ။

"အင့် ဟင်းး သားကြီး"

"ဟုတ် ကြီးမေ"

လက်မောင်းရင်းပေါ်က သရေးတွန့်
နေပြီဖြစ်တဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီ
မျက်ရည်ပူစီးကျနေသော အနွေးဓာတ်ခံ
မျက်ဝန်းတို့ကို ငေးကြည့်နေမိသည်။

"သားညီမလေးက အင့် သားကို
တကယ်ပဲ မုန်းသွားပြီးလားကွယ်။
ကြီးမေတူကြီးကို တိမ်တိုက်
ပစ်သွားပြီးလားဟင်"

I Hate You Where stories live. Discover now