................................
ခေတ်ဟောင်း ဘက်ကစပြီး
လူချင်းတွေ့ရန် ဆက်သွယ်ခဲ့သည်။
ခေတ်ဟောင်း ဖုန်းကို
စစကိုင်စဥ်အချိန်တုန်းကဆို မုတ်
အရမ်းရင်ခုန်ခဲ့တာ။
အဲ့ရင်ခုန်ခြင်းထဲမှာ ဘာအရောင်မှမပါဘူး။
အဖြူထည်သက်သက်ပဲ။သူ့အနား ကပ်ယုံမျှနဲ့တောင် ခြေတုန်
လက်တုန် ဖြစ်ခဲ့ဖူးသည့် မုတ်က
အခု နှစ်ယောက်တည်း မျက်နှာချင်းဆိုင်
ထိုင်နေချိန်မှာတော့ အသက်မှန်မှန်
ရှူနေနိုင်သည်။ ဘာကြောင့်လဲ။ သူ့
အပေါ်မှာထားတဲ့ မုတ်အချစ်တွေ
လျော့သွားလို့များလား။
အဲ့လိုဆို မုတ် ဝန်ခံပါသည်။ သူ့ကို
စွဲလမ်းခဲ့တဲ့စိတ်ကို အချစ်ပါလို့
ခေါင်းစဉ်တပ်လို့မရမှန်း မုတ်
အချိန်တော်တော်ကြာကြာထိ
စဥ်းစားခဲ့သည်။ အဖြေအနေနဲ့
ခေတ်ဟောင်းကို ချစ်တာမဟုတ်ဘဲ
စွဲလမ်းခဲ့တာမှန်း သေချာသိခဲ့သည်။
တစ်ဖက်က လုံးဝပြန်လှည့်မကြည့်တာကို
သိသိကြီးနဲ့ မုတ် မိုက်မဲစွာ
တွယ်ကပ်မထားချင်တော့ပါ။
မုတ်အတွက် အရမ်းစိတ်ပင်ပန်းစေတယ်။ ခေတ်ဟောင်းကို မုတ်
လက်လွတ်သင့်ပြီထင်သည်။
မဟုတ်ဘူး။ လုံးဝကိုလက်လွတ်ရတော့မှာ။ခေတ်ဟောင်းက အရင်လိုကောင်ဆိုးလေး
မဟုတ်တော့ဘဲ ရင့်ကျက်လာသည်။
မြန်မာနိုင်ငံ နှင့် အင်္ဂလန်နိုင်ငံ
နှစ်နိုင်ငံကြားမှာ ခေတ်ဟောင်း
စီးပွားရှာနေတာ လူပြောများသည့်အထိ
နာမည်ကြီးနေသည်။ အရင်လို
ကျောင်းသားတစ်ယောက်လို
ပေါ့ပေါ့တန်တန် မနေတော့တဲ့
ခေတ်ဟောင်းက ဘွဲ့မရသေးပေမဲ့
ကလေးအဖေတော့ ပီသနေပါပြီ။
ခေတ်ဟောင်းက အဝတ်အစားပုံစံကအစ
စတိုင်ပြောင်းသွားပြီ။ Jeansဒူးပြဲနှင့်
T-shirt လက်တို ဝတ်နေကျ
လူက အခုတော့ khaki suitကို
စတိုင်ကျကျဝတ်ထားပြီး
အမြဲလိုလိုရှုပ်ပွနေတက်သော ဆံပင်ကို
သပ်သပ်ရပ်ရပ်ဖြစ်အောင် jill လိမ်းပြီး
ဖြီးတင်ထားသည်။ အခုလက်ရှိ
ခေတ်ဟောင်း ပုံစံက တကယ့်ကို
gentlemanစတိုင်။ဟိုးအရင်ချိန်က မုတ်သာဆို
ခေတ်ဟောင်းရဲ့ အခုလက်ရှိပုံစံကို
ကြည့်ပြီး နှာခေါင်းသွေးလျှံနေလောက်ပြီ။
YOU ARE READING
I Hate You
FantasiaWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။