Chapter-1(Unicode)

1.6K 49 0
                                    

(ချစ်ခြင်းကအစWifiက)

ဘာစီလိုနာမြို့လယ်ခေါင်၌တည်ရှိသည့်Valle del Tenas(ဗယ်လီဒယ်တန်းစ်)အထက်တန်းကျောင်း၏စာပေမေဂျာမှစာရေးသားပွဲဆိုင်ရာဆွေးနွေးပွဲခန်းထဲသို့ဆရာတစ်ဦးဝင်လာလေသည်။စာပေဆိုင်ရာမေဂျာဖြစ်၍သူတို့ကျောင်း၌စိတ်ဝင်စားမှုအနည်းဆုံးမေဂျာဟူ၍ဆိုလည်းမမှားချေ။ဆရာရောက်နေသော်လည်းစားပွဲဝိုင်း၌ထိုင်နေသည့်ကျောင်းသားအနည်းငယ်မှာတီးတိုးစကားပြောနေလျက်။

"မင်္ဂလာပါဆရာ.."

"အားလုံးပဲမင်္ဂလာနေ့လယ်ခင်းလေးပါ"

ထိုအချိန်စားပွဲဝိုင်း၌ပျင်းတိပျင်းရွဲ့နှင့်စိတ်မပါသလိုထိုင်နေသည့်ကျောင်းသားတစ်ဦးထံမှလုံးချေထားသည့်စာရွက်ငယ်ကိုအောက်ချပြီးလွှတ်ပစ်ထားသည်ကိုဆရာမြင်လိုက်ပြီး

"အိုဝင်..မင်းရေးထားတဲ့ဇာတ်လမ်းကိုဖတ်ပြ!!"

"ကျွန်တော်ဘာမှမရေးဖြစ်ခဲ့ဘူး"

"ဘာစာမှမရေးလို့ရင်စာရေးသားခြင်းဆိုင်ရာဆွေးနွေးပွဲကိုတက်လည်းအလကားပဲ!"

"တကယ်တော့သူကလျှိုထားတာဆရာရဲ့သူရေးထားတာဟိုနားမှာရှိတယ်"

လုံးချေထားသည့်စာရွက်ကိုအတန်းသားတစ်ယောက်မှညွှန်ပြလိုက်ရာအခြားသူမှကောက်၍ဆရာ့အားလှမ်းပြလိုက်သည်။ဆရာမှအိုဝင်အားမေးငေါ့ပြ၍

"အဲ့တာကဘာလဲ"

"ဘာကိုဘာရမှာလဲဗျ"

"အဲ့ဒီစာကိုပြောတာ"

"ဩ..အဲ့တာကအရေးမပါပါဘူး"

"ပါပါတယ်နော်အဟက်!"

"မပါဘူးလို့ပြောနေတယ်လေ"

အခြားကောက်ယူထားသူထံမှဖွင့်ဖတ်နေသည်ကိုမြင်၍အိုဝင်လှမ်းဆွဲပြီးယူလိုက်လေသည်။ပြီးမှသူ့၏အင်္ကျီအိတ်ထောင်ထဲသို့ထည့်လိုက်ပြီးဆရာအကြည့်အားမသိချင်ယောင်သာဆောင်နေလိုက်၏။

"မင်းတို့ရဲ့ဇာတ်လမ်းအကြောင်းကိုထွက်ပြောချင်တဲ့လူရှိလား?"

အိုဝင်မှလွဲ၍အခြားကျောင်းသားများအာလုံးလက်ထောင်လျက်ပင်။ထိုသည်မှာနေ့စဉ်အတန်းတက်နေသူမစ္စတာအိုဝင်ဆလီဗာဒိုအဖို့သာမန်ရိုးကျဖြစ်စဉ်တစ်ခုအလား။နောက်ဆုံးအချိန်ဖြစ်၍ကျောင်းရုံးခန်းမှဘဲလ်တီးသည်နှင့်တပြိုင်နက်အိုဝင်တစ်ယောက်အခန်းအပြင်ဘက်သို့ထွက်လာကာအပေါက်ဝ၌ရှိသည့်အမှိုက်ပုံးထဲသို့လုံးချေထားသည့်စာကိုပစ်ထည့်လိုက်လေသည်။

ပြတင်းပေါက်ငယ်မှအစပြု၍Where stories live. Discover now