Chapter-3(Unicode)

467 29 0
                                    

(တန်ကြေးကြီးသောဘောလုံးသမား)

တနေ့လယ်ခင်းလုံးစာကြည့်တိုက်၌အိမ်စာများနှင့်အခြားသုသေသနပြုရမည့်စာတမ်းများအားဖတ်ရင်းအချိန်များလည်းလျင်မြန်စွာကုန်ဆုံး၍ညနေခင်းရောက်နေမှန်းတောင်အိုဝင်မသိချေ။စားပွဲခုံပေါ်တွင်ရှုပ်ပွနေသည့်စာရွက်များကိုတစ်ခုချင်းစီစစ်ကာထပ်သင့်သည်များကိုထပ်၊ရှင်းသင့်သည့်အမှိုက်များကိုလည်းရှင်းပစ်ခဲ့လိုက်သည်။ထို့နောက်ချွတ်ထားသည့်မီးခိုးရောင်အင်္ကျီလက်ရှည်ကိုအပေါ်မှပြန်ဝတ်ကာကျောင်းအနောက်ပေါက်သို့ထွက်လာခဲ့သည်။

အိုဝင်အိမ်ပြန်ချင်လျှင်အရှေ့ပေါက်မှထွက်ပြီးဖြောင့်ဖြောင့်တန်းတန်းပင်ပြန်လို့ရ၏။သို့သော်ဒီအချိန်ရောက်လျှင်သူသေချာပေါက်ဘောလုံးကွင်းထဲ၌အဖွဲ့နှင့်လေ့ကျင့်နေလိမ့်မည်ကိုအိုဝင်မသိစိတ်၌မှတ်မိနေလျက်။ထို့ကြောင့်မို့အနောက်ဖက်တံခါးမှလမ်းကြားများဖြတ်လာခဲ့၍သူ့ကျောင်းရှိဘောလုံးကွင်းဆီသို့လာခဲ့သည်။

မြက်ခင်းစိမ်းပေါ်ရှိအနက်ရောင်training suitsများနှင့်အခြားအားကစားသမားအကြောလျှော့ပြီးလေ့ကျင့်ခန့်းများလုပ်နေကြသည်။ပွဲကြည့်ပရိတ်သတ်များထိုင်ကြည့်ရန်အတွက်လှေကားထစ်စင်ကဲ့သို့မျိုးဆောက်လုပ်ထားသည့်စင်ပေါ်၌လည်းမိန်းကလေးအများစုထိုင်ကြည့်လျက်။ထိုမိန်းကလေးများမှာဘောလုံးကန်မည့်သူများ၏ရည်းစားများမဟုတ်လျှင်သူငယ်ချင်းများပင်။ဘောလုံးပွဲဖြစ်သော်လည်းယောက်ျားလေးအနည်းငယ်မျှသာပွဲလာကြည့်ကြ၏။ထိုထဲတွင်လာကြည့်သည့်အခါတိုင်းစင်ပေါ်သို့တက်မကြည့်ဘဲစင်အောက်လူတရပ်စာဝင်နိုင်သည့်စင်အနောက်အောက်ထဲဝင်၍လစ်ဟာနေသည့်အပေါက်လေးမှကြည့်သူမှာအိုဝင်ပင်ဖြစ်သည်။သူ့အရပ်နှင့်စင်မှာသိပ်၍မကွာပေ။ထို့ကြောင့်အပေါက်လေးနှင့်သူ့မျက်နှာတစ်တန်းထဲကျရောက်နေ၏။

"ရွှီ"

"ကဲလုပ်ထားကြမယ်....မြန်မြန်သွက်သွက်လေး"

"ပြေးရင်လည်းအသက်ရှူဖို့မမေ့နဲ့ဦးနော်ဟျောင့်တွေ"

ခရာမှုတ်လိုက်သည်နှင့်ဘောလုံးသမားများအားလုံးမရပ်မနားစပြီးကွင်းတစ်ပတ်ပြေးကြရသည်။ထိုပြေးရသည့်အဖွဲ့များကအရံကစားသမားများဖြစ်ကြ၍သိပ်အပင်ပန်းခံရသည့်လေ့ကျင့်ခန်းမျိုးမလုပ်ကြရပေ။သို့သော်တိုက်စင်မှူးလည်းဖြစ်ရှေ့တန်းကစားကြရသည့်အန်သိုနီဟီဒါလ်ဂိုမှာဖြင့်အပေါ်ပိုင်းအင်္ကျီဗလာနှင့်ဘောလုံးကွင်းကို၃ပတ်လောက်ပြေးပြီးကာဒိုက်ထိုးအိပ်ထများလုပ်နေလျက်။

ပြတင်းပေါက်ငယ်မှအစပြု၍Where stories live. Discover now